Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် cအပါအဝင် ဒေသခံပြည်သူ ငါးဦးသေဆုံး

လက်နက်ကြီးကျည်များသည် ခင်ဦးမြို့နယ်ရှိ မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ပြည်သူ ငါးဦးလက်နက်ကြီးထိမှန်ကာ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၄၀)ခန့် အမျိုးသား တစ်တို့ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

လက်နက်ကြီးကျည်များသည် ခင်ဦးမြို့နယ်ရှိ မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ပြည်သူ ငါးဦးလက်နက်ကြီးထိမှန်ကာ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၄၀)ခန့် အမျိုးသား တစ်တို့ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယမန်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မူးသာကျေးရွာဘေးရှိ သက်ပေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဒဏ်ရာရ၍ ဆေးကုနေသည့် ဒေသခံ နှစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံများက​ ပြောသည်။

“သက်ပေးရွာက ဒဏ်ရာရတဲ့သူတွေအပါအဝင် သုံးဦးလည်း သေဆုံးသွားပါပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင်လ ၆ ရက်နေ့ကလည်းစစ်​ကောင်စီက ကုန်းကြီးရွာက ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့အပြင်ဇူလိုင်

လ၁၆ရက်နေ့ကလည်း စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အင်းပတ်ကျေးရွာက ဒေသခံအမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သေးသည်။

“နေ့ကောညပါ ရမ်းပစ်နေတာပါ။ တော်တော်များများတော့ မနေရဲတော့ပြောင်းပြေးကုန်ကြပြီ။ တချို့ကတော့ကျန်နေသေးတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၆ ရက်က ကုန်းကြီးကျေးရွာမှ ပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သည်။

ယနေ့နံနက် ၈နာရီခန့်တွင် အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပစ်ခတ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ခုနစ်ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။