Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၈ဦးသေဟု PDF စစ်ရုံးချုပ် ထုတ်ပြန်

ဇူလိုင် ၁၄ရက်မှ ၁၇ရက်အတွင်း ဆောမြို့နယ်ရှိ မြင်းကာတောင်၊ကြိမ်ချောင်းလမ်းခွဲနှင့် နဂါးမောက်ခြံတောင်ပေါ်များ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်မြေပြင် ရှေ့တန်းတစ်နေရာ၌ တွေ့ရသော PDF ရဲဘော်များ)
(စစ်မြေပြင် ရှေ့တန်းတစ်နေရာ၌ တွေ့ရသော PDF ရဲဘော်များ)

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ လေးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၄ရက်မှ ၁၇ရက်အတွင်း ဆောမြို့နယ်ရှိ မြင်းကာတောင်၊ကြိမ်ချောင်းလမ်းခွဲနှင့် နဂါးမောက်ခြံတောင်ပေါ်များ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသသို့ စစ်ကြောင်းထိုးလာသော ရန်သူ့တပ်၏ တပ်မ(၅၅၊၇၇နှင့် ၁၀၁)ပူးပေါင်းအင်အား ၁၃၀ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်အမှတ် (၈၊၁၃) ပခုက္ကူခရိုင် အမှတ်(၅၊၁၉)၊ မကွေးခရိုင်အမှတ် (၁)တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ဆောမြို့နယ်၊ အကြည်ကတင်းကျေးရွာအနီးရောက်ရှိလာသော ရန်သူ့တပ်၏ တပ်မ(၅၅၊၇၇၊၁၀၁) ပူးပေါင်း အင်အား ၁၈၀ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်အမှတ် ၃၊ ၅၊ မင်းဘူးခရိုင်အမှတ် ၁၊၂နှင့် ၅ တပ်ရင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရန်သူ ၁၅ဦးခန့်ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

PDF တပ်ရင်းများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်နှင့် ကန်ပက်လက်နယ်အစပ် ဒေသများတွင်လည်း စစ်ကောင်စီတပ်ကို PDFနှင့် CDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၆ရက်မှ ၁၉ရက်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။ PDF ပူးပေါင်းတပ်မှလည်း ဆောမြို့နယ် ရင်းကဲရွာအနီးတိုက်ပွဲ၌ ရဲဘော် ၅ဦး ကျဆုံးခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဆောမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခု ဝင်ရောက်လျက်ရှိပြီး စစ်ကြောင်းတစ်ကြောင်းသည် ဆောမြို့နယ် မှ ကန်ပက်လက်နယ် ကျင်းဒွေးဒေသသို့ ဦးတည်လျက်ရှိရာ လက်ရှိတွင် ကန်ပက်လက်နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိသည်။