Connect with us

Hi, what are you looking for?

သတင်း

ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် CNFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်
ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်သည် မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ တရားဝင် ရပ်တည်နိုင်ရန် နိုင်ငံရေး ထွက်ပေါက်အဖြစ် အပြစ်မဲ့ ပြည်သူလူထုအပေါ် မထူးဇာတ်ခင်း အကြမ်းဖက်နေခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF)က ထုတ်ပြန်သည်။

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် CNFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်
ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုချပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း CNFက သဘောထား ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNF တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ် မင်းတပ်မြို့နယ် အတွင်း ရှိ အရပ်သားပြည်သူများကို ဦးတည်ပြီး ဇန်နဝါရီ လအတွင်း လေကြောင်း တိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ရာ ဘုန်းကြီးကျောင်းများ၊ အရပ်သားပြည်သူ စစ်ဘေးရှောင်များ ဖွင့်လှစ်ထားသည့် ဆေးခန်းနှင့် စစ်ဘေးရှောင်စခန်းများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ရှောင် ပြည်သူ ၄ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။