Connect with us

Hi, what are you looking for?

သတင်း

တိုက်လေယာဉ် အင်ဂျင် စုပ်ယူတာ ခံရပြီး ထိုင်ဝမ် လေတပ် အမျိုးသမီး တပ်ကြပ်ကြီးတစ်ဦး သေဆုံး

တိုက်လေယာဉ် အင်ဂျင်ရဲ့ စုပ်ယူအားကြောင့် ထိုင်ဝမ် လေတပ်ရဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

တိုက်လေယာဉ် အင်ဂျင်ရဲ့ စုပ်ယူအားကြောင့် ထိုင်ဝမ် လေတပ်ရဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ် လေတပ်က ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဆိုးရွားတဲ့ အလွဲအမှား တစ်ခုကနေ ကြေကွဲစရာ သေဆုံးမှုတစ်ခု ပေါ်ပေါက်ခဲ့တယ် ဆိုတာကို အတည်ပြု ကြေညာခဲ့ပါတယ်။ တိုင်ချွန်းမြို့မှာရှိတဲ့ ချင်ချောင်ကန် လေတပ်စခန်းမှာ ထိုင်ဝမ်လေတပ် တိုက်လေယာဉ် ဆင်းသက်ပြီး အင်ဂျင်စက် မသတ်သေးခင် ပုံမှန် စစ်ဆေးမှုတစ်ခု ပြုလုပ်ရင်း ဟူလို့သာ မျိုးရိုးအမည် ဖော်ပြတဲ့ အမျိုးသမီး တပ်ကြပ်ကြီးဟာ အင်ဂျင်အားနဲ့ စုပ်ယူတာ ခံရပြီး သေဆုံးသွားတာပါ။

ဟူဟာ ထိုင်ဝမ် လေတပ်မှာ လုပ်သက် ၁၇ နှစ်ရှိတဲ့ ဝါရင့် အမှုထမ်း တစ်ဦးဖြစ်ပြီး တိုက်လေယာဉ်ရဲ့ ညာဖက်အင်ဂျင်ထဲ သူ့ခန္ဓာကိုယ် စုပ်ယူခြင်း ခံလိုက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ လေယာဉ် အင်ဂျင်ကို အမြန်ဆုံး စက်ရပ်ပြီး သူ့ကို ဆေးရုံပို့ခဲ့ပေမယ့်လည်း အသက်မမီခဲ့ဘူးလို့ လေတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ တိုက်လေယာဉ်ဟာ ထိုင်ဝမ်လုပ် IDFလို့ လူသိများတဲ့ F-CK-1 အမျိုးအစား ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်လက်နက်ရေးရာ ကျွမ်းကျင်သူ တစ်ဦးကတော့ မြေပြင် အဖွဲ့သားတွေ ချဉ်းကပ်မလာခင် အဲဒီလေယာဉ်တွေရဲ့ အင်ဂျင်ကို အပြီးတိုင် စက်ရပ်ထားခဲ့သင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ထိုင်ဝမ်လေတပ်က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောကြားခဲ့ပြီး နောက်ထပ် အလားတူ အခြေအနေဆိုးတွေ ပေါ်ပေါက်မလာအောင် တားဆီးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ