Connect with us

Hi, what are you looking for?

သတင်း

ပြင်သစ် ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ဖြန့်ချိမယ့် ကျားပေါက်ရဲ့ The Odyeesy စာအုပ်

နွေဦးတော်လှန်ရေးကာလ ဖြတ်သန်းမှုများအကြောင်းကို ရေးသားထားတဲ့ The Odyssey စာအုပ်ကို ဖေဖော်ဝါရီ ၁ ရက်မှာ ဖြန့်ချိတော့မှာလို့ အဆိုတော်ကျားပေါက်က အသိပေးလိုက်ပါတယ်။

ဆဏ်း/People’s Spring

နွေဦးတော်လှန်ရေးကာလ ဖြတ်သန်းမှုများအကြောင်းကို ရေးသားထားတဲ့ The Odyssey စာအုပ်ကို ဖေဖော်ဝါရီ ၁ ရက်မှာ ဖြန့်ချိတော့မှာလို့ အဆိုတော်ကျားပေါက်က အသိပေးလိုက်ပါတယ်။

“ဒီနေ့ကတော့ အကြွားပို့စ်ပဲဖြစ်မယ်ထင်တယ်။ကျွန်တော့်ရဲ့ Odyssey စာအုပ်ကို ပြင်သစ်လိုရယ် အင်္ဂလိပ်လိုရယ် ကိုင်ခွင့်ရတယ်”လို့ ကျားပေါက်က ဇန်နဝါရီ ၂၁ ရက်က ဖေ့စ်ဘွတ်ကနေ ဗီဒီယိုဖိုင်တင်ခဲ့ပါတယ်။

ဒီစာအုပ်တွေဖြန့်ချိမယ့်နေ့မှာ စာအုပ်ထုတ်ပေးတဲ့ MKF ရုံးမှာ မိတ်ဆက်ပွဲနဲ့အတူ ပန်းချီပြပွဲလုပ်သွားဖို့ရှိတယ်လို့ ကျားပေါက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“Feb ၁ ရက်နေ့ စာအုပ်မိတ်ဆက်ပွဲမှာ ကျနော့်ပန်းချီပြပွဲလဲရှိမယ်။ the odyssey စာအုပ်ထဲက ကျနော်နေခဲ့တဲ့နေရာတချို့ (safehouse ၊တပ်မဟာများ၊ မဲဆောက်၊ချင်းမိုင်စတူဒီယို စသည်ဖြင့်) အဲ့မှာနေနေရတုန်းကဆွဲခဲ့တဲ့ပုံတွေပြဖြစ်ပါမယ်။ ” လို့ ကျားပေါက်က အသိပေးထားပါတယ်။

စာအုပ်တန်ဖိုးကို ၁၆ ယူရို သတ်မှတ်ထားပြီး ဒီလင့်ခ်( https://sikit.fr/produit/odyssey/…) ကနေ မှာယူနိုင်တယ်လို့ အသိပေးထားပါတယ်။

ပြင်သစ်ဘာသာနဲ့စာအုပ်အဖုံးမှာ ကျားပေါက်ရဲ့ မြန်မာလိုလက်ရေးတွေကို မှန်စာလို ဖောက်ပေးထားပြီး အင်္ဂလိပ်ဘာသာနဲ့စာအုပ်ကတော့ ရိုးရိုးရှင်းရှင်းပြောင်ပဲလုပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စာအုပ်ထုတ်တုန်းက ထုတ်ဝေသူတွေကို သူရေးမယ့် အကြောင်းအရာတွေ ပြောပြစရာမလိုပေမယ့် ပြင်သစ်နိုင်ငံမှာ‌တော့ ထုတ်ဝေပေးဖို့အတွက် ထုတ်ဝေသူဆီကိုသွားပြီးဇာတ်လမ်းအကြောင်းအရာကိုပြောပြရတာရှိတယ်လို့ ကျားပေါက်က ပြောပါတယ်။

“ပြင်သစ် Government က ကျွန်တော့်ရဲ့ Copy Right ကိုကာကွယ်ပေးဖို့ဆိုရင် Register လုပ်ရတယ်။အဲဒီ့ Register လုပ်တဲ့ အဖွဲ့အစည်းမှာ ပြင်သစ်မှာထုတ်ခဲ့ဖူးသမျှ စာရေးဆရာတွေ List ကြီးရှိတယ်။ နာမည်ကြီးတဲ့သူတွေလည်းပါတယ်။ မကြီးတဲ့သူတွေလည်းပါတယ်။ အမေရိကန် Writer တွေ ဗြိတိန်Writer တွေ ဂျာမန် Writer တွေလည်းပါတယ်။ ပြင်သစ်မှာထုတ်ခဲ့ဖူးသမျှ လူတွေအားလုံးရဲ့ List ထဲမှာ ကျွန်တော်ပါ ဟိုးနောက်ဆုံးလေးမှာပေါ့။ တစ်ချိန်ချိန်မှာတော့ I am in the list ပေါ့။ သူ(ထုတ်ဝေသူ)ကတော့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တာဆိုပေမယ့် ကျွန်တော်ကတော့ပျော်တယ်။ဂုဏ်ယူတယ်”လို့ ကျားပေါက်က ပြောပါတယ်။

The Odyssey စာအုပ်ကို မြန်မာဘာသာကို ၂၀၁၄ နှစ်လယ်ပိုင်းမှာ ဖြန့်ခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှူများပြားတာကြောင့် သုံးကြိမ်အထိ ပြန်လည်ထုတ်ဝေခဲ့ရပါတယ်။

ဆက်စပ်သတင်းများ