ဆဏ်း / People’s Spring
ပြည်သူ့ဘက်ရပ်တည်၍ စစ်အဏာရှင်ကိုတော်လှန်နေသော အနုပညာရှင် လေးဦး၏ RHYTHM concert မှ ငွေကျပ် သိန်း ၇၀၀၀ ခန့်ရရှိခဲ့ပြီး ယင်းငွေအားလုံးကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အသုံးပြုမည်ဟု အသိပေးထားသည်။
“ကိုယ်ပိုင်သီချင်းလေးတွေ ပြန်တီးပြန်ဆိုဖို့သိပ်ခက်ခဲ ခဲ့တယ်။ပြန်ဆိုခဲ့တဲ့RHYTHM-concert ပွဲလေးကနေ ကိုယ်တွေအနုပညာနဲ့ သိန်း၇၀၀၀ နီးပါး ရှာနိုင်ခဲ့တယ်။ မောင်နှမတွေအားလုံး တညီတညွတ်တည်း မြေပြင်အတွက် 100%လှူကြမယ် ဆုံးဖြတ်ကြတယ်။” ဟု ချစ်သုဝေကရေးသားထားသည်။
ယင်းဖျော်ဖြေပွဲတွင် တော်လှန်အနုပညာရှင်များဖြစ်သည့် လင်းလင်း ၊ ဒေါင်း ၊ ဒန်နီရယ်စော နှင့် ချစ်သုဝေတို့ ပါဝင်ဖျော်ဖြေပေးခဲ့သည်။

Public Service Announcement
“အနုပညာရှင်အစစ်တွေရဲ့ အနုပညာအစစ်တွေကို ခံစားခဲ့ရတဲ့အတွက်ဂုဏ်ယူလျက်။ဒီလိုအနုပညာရှင်တွေကိုဝန်းရံတဲ့လူ ဒီလောက်ရှိရှိနေတာသိရတဲ့အတွက်လည်း အားတက်ရပါတယ်” ဟု ပရိသတ်တစ်ဦးက မှတ်ချက်ပေးသည်။
လက်မှတ်ဝယ်ယူသူများအနေဖြင့် ဖျော်ဖြေပွဲကို အွန်လိုင်းတွင် သတ်မှတ်ထားသည့် ရက်အတွင်း သတ်မှတ်ထားသည့် အကြိမ်အရေအတွက်ဖြင့်ကြည့်ရှုနိုင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တော်လှန်ရေးနယ်မြေများမှ ပြည်သူများကြည့်ရှုနိုင်ရန် အတွက် မြေပြင်တွင် ပြသပေးမှုများရှိကြောင်း RHYTHM concert ကအသိပေးထားသည်။
ဖျော်ဖြေပွဲတွင် အနုပညာရှင်များက သီချင်းစုစုပေါင်း အပုဒ် ၂၀ကျော် ဖျော်ဖြေပေးခဲ့ပြီး ပရိသတ်များကလည်း အားရကျေနပ်သည့် ဖျော်ဖြေပွဲဖြစ်ခဲ့သည်။
