Connect with us

Hi, what are you looking for?

သတင်း

ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

လေယာဥ် ဗုံးထုတ်သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ရဲခေါင်/People’s Spring

လေယာဥ် ဗုံးထုတ်သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ဇန်နဝါရီ ၂၅ ရက် နေ့လည် ၃နာရီခန့်က ဆိပ်ဖြူ -တညောင်လမ်းပိုင်းတနေရာတွင် ကပစ (၂၁)မှ တပ်ကြပ်ကြီး အောင်ကြည်ဆန်းနှင့် ကျန်း‌‌မာရေးဌာန Non CDM ၀န်ထမ်းသုံးဦးတို့သည် ဆုံဆည်းရာစားသောက်ဆိုင်မှ သောက်စားပြန်လာချိန် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

တားဆီးစစ်ဆေးမှုကို လက်မခံသည့် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက ရဲဘော်များအား ကိုယ်ထိလက်‌ ရောက်ခုခံသောကြောင့် အဆိုပါနေရာတွင် ပစ်ခတ်စီရင်ခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် Non CDM ကျန်းမာ‌ရေး၀န်ထမ်း သုံးဦးကိုမူ စစ်အာဏာရှင်လက်‌အောက်တွင် ဆက်လက်မလုပ်ကြရန် မှာကြားပြီ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။

တပ်ကြပ်ကြီးအောင်ကြည်ဆန်းထံမှ ဖုန်းတစ်လုံး၊ စာရွက်စာတမ်းများနှင့် ဆိုင်ကယ်တစ်စီးသိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီ၏ တပ်ကြပ်ကြီး ရှင်းလင်းခဲ့မှုနှင့်ပတ်သက်၍ ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်းထံ လူထုနွေဦးက သီးခြား ဆက်သွယ်မေးမြန်းဆက်သွယ်ဆဲ ဖြစ်သည်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁ )သည် မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်တွင်ရှိပြီး လေယာဥ်ဗုံးများ အဓိက ထားထုတ်လုပ်ကြောင်း CDM စစ်ကောင်စီအရာရှိများနှင့် ဒေသခံစစ်ရေးအချက်အလက်များက ဆိုသည်။

ထို့အပြင် ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ငယ်များထုတ်လုပ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၂၂)လည်း အခြေစိုက်ထားသည်။

တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ ၂၅ ခုရှိပြီး မကွေးတိုင်းတွင် ၁၅ ခု၊ပဲခူးတိုင်းတွင် ခုနစ်ခုနှင့် ရန်ကုန်၊ နေပြည်တော်၌ သုံးခုရှိသည်။

ဆက်စပ်သတင်းများ