ကဖေး/People’s Spring
ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး မောင်းနှင်နေစဉ်မီးလောင်ခဲ့ပြီး ခရီးသည်အားလုံး ဘေးအန္တရာယ်ကင်းကြောင်း သတင်းရရှိသည်။
အဆိုပါလမ်းပိုင်းပေါ်ရှိ လက်ပံပျားကြက်ကြော်နာမည်ကြီးသည့် လက်ပံပျားရွာအနီး၌ မီးလောင်းခြင်းဖြစ်သည်။
“မောင်းနေရင်းကနေ ရှော့ဖြစ်ပြီးမီးလောင်တာ။ ကားတစ်စီးလုံးကုန်သွားတယ်။ ခရီးသည်တွေအားလုံးဘေးကင်းတယ်” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement
အဆိုပါကားသည် နေပြည်တော်နှင့်ချောက်မြို့နယ်သို့ပြေးဆွဲသည့် ကားဖြစ်ပြီး ခရီးသည် ၃၀ ဦးထက်မနည်းပါဝင်ကြောင်း ဒေသခံအချို့ကပြောသည်။
“အဲကွန်းကားမဟုတ်ဘူး။ ရိုးရိုးကား။ ခရီးသည်တွေအားလုံးကံကောင်းတယ်” ဟု ကူညီမီးငြိမ်းသတ်ပေးခဲ့သူတစ်ဦးကပြောသည်။
