Connect with us

Hi, what are you looking for?

သတင်း

မြန်မာကို ပေးထားတဲ့ ပညာတော်သင်ဆုဒေါ်လာ ၄၅ သန်းကို အမေရိကန်သမ္မတ ပိတ်ပင်

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် ပညာတော်သင်ဆု(Diversity and Inclusion Scholarship)အတွက် ဒေါ်လာ ၄၅သန်းကို မနေ့က(ဇန်နဝါရီ ၂၉ရက်)ပိတ်ပင်လိုက်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် ပညာတော်သင်ဆု (Diversity and Inclusion Scholarship) အတွက် ဒေါ်လာ ၄၅သန်းကို မနေ့က(ဇန်နဝါရီ ၂၉ရက်)ပိတ်ပင်လိုက်ပါတယ်။

သမ္မတဒေါ်နယ်ထရန့်ဟာ ‘The Laken Riley Act’ကို လက်မှတ်ထိုးပြဋ္ဌာန်းကြောင်း ကြေညာရာမှာ မြန်မာနိုင်ငံအတွက် ပေးအပ်ထားတဲ့ ဒေါ်လာ ၄၅သန်းကိုလည်း ပိတ်ဆို့လိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့တာပါ။

“မြန်မာနိုင်ငံမှာ မတူကွဲပြားမှုဆိုင်ရာပညာတော်သင်ဆုအတွက် ဒေါ်လာ ၄၅သန်းကို ကျွန်တော်တို့ ကတိပြုပေးအပ်ခဲ့ပါတယ်။ ဒေါ်လာ ၄၅ သန်းဆိုတာ တော်တော်များပြားတဲ့ ပမာဏပါ။ ဒီငွေကြေးတွေ ဘယ်ရောက်သွားမလဲဆိုတာ ခင်ဗျားတို့တွေ တွေးကြည့်နိုင်ပါတယ်။ ဒီငွေကြေးတွေကို တကယ်အကျိုးရှိတဲ့ သင့်တော်တဲ့နေရာတွေမှာ စီးဆင်းသွားစေဖို့ကျွန်တော်တို့အမြန်ဆုံး လုပ်ဆောင်
သွားမှာပါ” လို့ အမေရိကန်သမ္မတ ထရန့်က ပြောပါတယ်။

မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ပညာတော်သင်ဆုကို ပြီးခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၅၂ဦး၊ လူနည်းစုတိုင်းရင်းသားအစုအဖွဲ့မှ ၅၅ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၀၇ဦးကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)ကတဆင့် ထောက်ပံ့ပေးအပ်တဲ့ အထက်ပါပညာတော်သင်ဆုဟာ ၂၀၂၃ သြဂုတ်မှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များအား အထူးသဖြင့် ထိခိုက်လွယ်တဲ့အစုအဖွဲ့များအနေနဲ့ အရည်အသွေးမီ ပညာသင်ယူမှု အခွင့်အလမ်းများရရှိစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အမေရိကန်သမ္မတထရန့်အနေနဲ့ အခုလို ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပိတ်ပင်ခဲ့တာဟာ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်အတွက် သက်ရောက်မှုကြီးမားပြီး မဖြစ်သင့်ဘူးလို့လည်း လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံတကာဆီပို့ဆောင်တဲ့အမေရိကန်အထောက်အပံ့တွေကို ပိတ်ပင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ထုတ်ပြန်ခဲ့ခြင်းနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ရပ်ဆိုင်းထားလိုက်ရပါတယ်။

ဇန်နဝါရီ ၂၇ ရက်ကစလို့ ထိုင်းဖက်ခြမ်းရော၊ မြန်မာဖက်ခြမ်းမှာပါ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေမှာ ဆေးရုံတွေကို ပိတ်ခဲ့ရပြီး အရေးပေါ် လူနာတွေကလွဲလို့ တခြားလူနာတွေကို ဆေးရုံဆင်းစေခဲ့ရသလို ပြင်ပလူနာ အသစ်တွေကိုလည်း လက်မခံနိုင်တော့ဘူးလို့ကရင်ဒုက္ခသည်များကော်မတီ(KRC)က ဆိုပါတယ်။ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်ထဲမှာရှိတဲ့ မယ်လဒုက္ခသည်စခန်းနဲ့တခြားစခန်းတွေမှာ ကျန်း
မာရေး စောင့်ရှောက်မှု အကူအညီတွေ ပေးနေတဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)ဟာ အထောက်အပံ့ ရရှိမှုတွေ ရပ်ဆိုင်းခြင်းနဲ့အတူ အမျိုးသမီးတွေ၊ သားသည်မိခင်တွေ၊ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရသူတွေ၊ အရေးပေါ် လူနာတွေ၊ နာတာရှည် လူနာတွေ၊ တီဘီ၊ သွေးတိုးနဲ့ဆီးချိုရောဂါသည်တွေအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူတွေအတွက်ပုံမှန်ပေးအပ်နေတဲ့ဆေးဝါးအထောက်အပံ့နဲ့ ကျန်းမာရေး ဝန်ဆောင်မှု အားလုံး ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့မယ့် အထူးအမိန့် တစ်ရပ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

သတင်း

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင်မယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်နဲ့အတူ မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာဆိုင်ရာ ထောက်ပံ့ကြေး ဒေါ်လာ သန်း ၄၀ နီးပါး ဖြတ်တောက် ခံရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။