Connect with us

Hi, what are you looking for?

သတင်း

တောင်းရမ်းသူများအတွက် သတိပေးစားကို ဘုံကျောင်းပြန်ဖြုတ်ထား

ခိန်ဟုတ် ဗုဒ္ဓဘာသာဘုရား‌ ကျောင်းက တောင်းရမ်းသူများ ကို ဘုရားကျောင်းပတ်ဝန်းကျင်တွင် ခွင့်မပြုကြောင်း သတိပေးထားသည့် ဗီနိုင်းကိုလူမှုကွန်ရက်တွင်ဝေဖန်မှုများထွက်​ပေါ်ပြီး​နောက် ဇန်နဝါရီ ၃၀ တွင် ပြန်လည်ဖြုတ်ခဲ့သည်။

ခိန်ဟုတ် ဗုဒ္ဓဘာသာဘုရား‌ ကျောင်း​ရှေ့တွင် ​တောင်းရမ်းသူများခွင့်မပြု​ကြောင်းသတိ​​ပေးစာကပ်ထားစဥ်နှင့် ​​ဘုံ​ကျောင်းအနီး ​တောင်းရမ်း​နေသူများ ။ ဓါတ်ပုံ-People's Spring

ရောင်နီ / People’s Spring

ခိန်ဟုတ် ဗုဒ္ဓဘာသာဘုရား‌ ကျောင်းက တောင်းရမ်းသူများ ကို ဘုရားကျောင်းပတ်ဝန်းကျင်တွင် ခွင့်မပြုကြောင်း သတိပေးထားသည့် ဗီနိုင်းကိုလူမှုကွန်ရက်တွင်ဝေဖန်မှုများထွက်​ပေါ်ပြီး​နောက် ဇန်နဝါရီ ၃၀ တွင် ပြန်လည်ဖြုတ်ခဲ့သည်။

“ဘုရားကျောင်းပတ်လည်တွင် တောင်းရမ်းစားသောက်သူများ ၊ ဈေးရောင်းသူများ ၊ ခိုစာရောင်းသူများ လုံးဝ (လုံးဝ) ခွင့်မပြုပါ” ဟူ​သောစာသားနှင့် ဗီနိုင်းများကို ယင်းဘုရားကျောင်း၏ ကမ်းနားလမ်း ဝင်ပေါက်နှစ်ခုဘေးတွင် ပြီးခဲ့သည့်ရက်က ကပ်ထားခြင်းဖြစ်သည်။

ယင်းကပ်ထားသည့်နေရာ‌ရှေ့ ၌ သံဃာတော်များ ၊ သီလရှင်များ အလှူခံနေသည့်ပုံကို RFA Burmese သတင်းဌာနက ဇန်နဝါရီ ၂၉ ရက်ကတရုတ်နှစ်ကူးနေ့ သတင်းဓာတ်ပုံများ၌ ဖော်ပြခဲ့ရာ ​ဖေစ်ဘွခ်လူမှုကွန်ယက်အသုံးပြု​သောပြည်သူများ ​ဝေဖန်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

“စာလဲသူတို့မြင်မှာပါ။ငတ်မွတ်လာတဲ့အခါ လိုအပ်လာတဲ့အခါဘုံကျောင်းလာတဲ့သူတွေစီအလှူခံကြတာပေါ့။ဒီမြင်ကွင်းတွေများလာတာ တိုင်းပြည်ဘယ်လောက်အခြေနေဆိုးလဲဆိုတာသာကြည့်၊ဘဝတွေခါးလိုက်တာ” ဟု ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ယင်းဓာတ်ပုံအောက်တွင် မှတ်ချက်ရေးသားထားသည်။

အချို့ကလည်း ဆင်းရဲနွမ်းပါးသူများအ​ပေါ် ထိုသို့စာ​ရေးကပ်​သောလုပ်ရပ်ကို ပြုလုပ်၍ ယင်းသံဃာတော် နှင့် သီလရှင်များသည် အယောင်ဆောင်များဖြစ်နိုင်သည်ဟု ပြောဆိုခဲ့ကြသည်ကို​တွေ့ရသည်။

တရုတ်နှစ်ကူးနေ့တွင် ယင်းဘုရားကျောင်း၌ စာသားကပ်ထားရုံသာမဟုတ်ပဲ ပုဂ္ဂလိက လုံခြုံရေးများကို ဘုရားကျောင်းခြံဝန်းဝင်ပေါက်များ၌ ​လုံခြုံ​ရေးယူခိုင်းထားသည်ကိုပင်တွေ့ရသည်။

ထို့‌ကြောင့် တောင်းရမ်းစားသောက်သူများသည် ဘုရားကျောင်းအပြင်ဘက် ပလက်ဖောင်း၌ ‌ထိုင်၍တောင်းရမ်းနေသည်ကို ‌တွေ့ရသည်။

ယခင်နှစ်များက တရုတ်နှစ်ကူးနေ့များတွင် သီလရှင်များ နှင့် တောင်းရမ်းစားသောက်သူများသည် ခြံဝင်းအတွင်း ဝင်ပေါက်များအနီး၌ ထိုင်၍အလှူခံလေ့ရှိသည်။

ဆက်စပ်သတင်းများ