Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဘန်ကောက်မြို့ စစ်ကောင်စီသံရုံးရှေ့၌ ထိုင်းလူငယ်များ ဆန္ဒပြ

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့် ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ထိုင်းနိိုင်ငံရှိ Milk Tea Alliance လူငယ်များက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

People’s Spring

https://www.facebook.com/LuduNwayOo/videos/1280062619774203

အထက်ပါလှုပ်ရှားမှုတွင် ‘ဒီမိုကရေစီ ရရှိရေး တို့အရေး’၊ ‘Free Burma Free Free’၊ ‘မအေ-ိုး မင်းအောင်လှိုင် မင်းအောင်လှိုင် မအေ-ိုး’ ကြွေးကြော်ကာ ‘ပြည်သူ့အရေးတော်ပုံ အောင်ရမည်’၊ ‘မင်းအောင်လှိုင်လက် သွေးစွန်းနေသည်’ ပိုစတာများကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့်အတူ မြန်မာနိုင်ငံကို အမုန်းပွားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော သတင်းအတုများဖြင့် ထိုင်းလူမျိုးများအား လှုံ့ဆော်ခြင်းကိုလည်း ရပ်တန့်ရန် အထက်ပါလှုပ်ရှားမှုပါဝင်သူ လူငယ်များက တောင်းဆိုခဲ့သည်။

(ယနေ့ ညနေပိုင်းတွင် ဘန်ကောက်မြို့ စစ်ကောင်စီသံရုံးရှေ့၌ Milk Tea Alliance Thailand မှ ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – People’s Spring)

ဆက်စပ်သတင်းများ