ရဲခေါင်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း၌ နိုင်ငံရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုအချုပ်ချခံရစဉ် ရဲများအား ပစ်ခတ်ထွက်ပြေးလာနိုင်သူတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့( ဖေဖော်ဝါရီ ၁ရက်)နံနက် ၉နာရီခန့်က နိုင်ငံရေးဥပဒေပုဒ်မပြစ်မှုများဖြင့် ခေါင်းစဥ်တပ်ခံထားရသော အချုပ်သားများ၏ အချုပ်ခန်းအား ထမင်းပုံးပို့ချိန် အချုပ်တံခါးဖွင့်ပြီး အချုပ်စောင့်ရဲများအား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“နိုင်ငံရေးပုဒ်မကြီးတွေနဲ့ ခေါင်းစဥ်တပ်ခံရပြီး တရားစွဲခံလိုက်ရတဲ့ အချုပ်သားတွေပေါ့နော်။သူတို့က အခု ဝါဆိုလကတည်းက ကျတဲ့သူတွေဆိုတော့ ခြောက်လ ခုနစ်လလောက်ရှိပြီ။သူတို့က သေဒဏ်ပဲကျမယ့်အတူတူ စွန့်စားတာပေါ့။ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က ဂုဏ်ယူရမယ်။ဒီလိုမျိုးလုပ်နိုင်ခဲ့တဲ့အတွက်။နောက်ပြီးတော့ သူတို့ထွက်ပြေးစဥ်အချိန်မှာလည်း ရဲဘက်ခြမ်းက သုံးဦးသေတယ်။အချုပ်တံခါးပွင့်တဲ့အချိန် ထွက်ပြေးတာမှာလွတ်တဲ့သူလည်း လွတ်မယ်။ပြန်မိတဲ့သူလည်းမိမယ်။ဒါနဲ့ပတ်စက်လို့ ကျွန်တော့်တို့အတိအကျ အတည်ပြုမရသေးဘူး။လွတ်တဲ့သူတေ်အကုန်လုံးကို ကယ်တင်နိုင်အောင် ကျွန်တော်တို့ ပြင်ဆင်ထားတယ်။လက်ရှိတစ်ဦးကတော့ ကျွန်တော် တို့ဆီရောက်တယ်။ဘာမှ အထိအခိုက်မရှိဘူး။ကျွန်တော်တိုလြည်းအကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ထားတယ်”ဟု ရေးဘီလူးခေါင်းဆောင်က အချုပ်သားတစ်ဦး ကယ်ထုတ်နိုင်မှုကို ရှင်းပြသည်။

Public Service Announcement
ထို့အပြင် ကယ်ထုတ်ရမည့် ဖြစ်စဥ်နှင့် ထွက်ပြေးမည့်လမ်းကြောင်းကို ကြိုတင်ထောက်လှမ်းနိုင်ခဲ့ခြင်းဟု ၎င်းက အသိပေးသည်။
“သူတို့တက်လာမယ့်လမ်းကို ကျွန်တော်တို့ကြိုသိတယ်။မွန်ပြည်နယ်ရေးမြို့မှာဆိုရင် ရေးတောင်ပိုင်းအပေါ်ဘက်တခြမ်းလုံးကို လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်ထားနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ယမန်နေ့က ရေးမြို့နယ်ဖြစ်စဥ်တွင် ဒုရဲအုပ် နိုင်လွင်ဦး ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့မှာ အချုပ်ခန်းအတွင်း၌ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအေဂျင်စီ ရာမညတိုင်မ်းက ဆိုသည်။
ထို့အပြင် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးမှာ ယာဘက်ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ် ချက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
