Connect with us

Hi, what are you looking for?

သတင်း

ဇန်နဝါရီလ အတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ၁၀၀ ကျော်သေဆုံး

အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တစ်လတာအတွင်းမှာတင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်ချက် ကြောင့် အရပ်သား ၁၁၃ ဦး အသက် ဆုံးပါး ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အသိပေးဖော်ပြပါတယ်။

ပွင့်ဖြူမြို့နယ်ရှိ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့သည့် ပူးပေါင်းစစ်ကြောင်းကိုတွေ့ရစဥ် (ဓာတ်ပုံ - ဖွဲ့ ပွင့်ဖြူမြို့နယ် ပကဖ)

ဆိုင်းမင်း/People’s Spring

အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တစ်လတာအတွင်းမှာတင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်ချက် ကြောင့် အရပ်သား ၁၁၃ ဦး အသက် ဆုံးပါး ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အသိပေးဖော်ပြပါတယ်။

အရပ်သားသေဆုံးရမှု အများဆုံးကတော့ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ AAPP ရဲ့ ဖော်ပြချက် အရသိရပါတယ်။

စုစုပေါင်း သေဆုံး သူ ၁၁၃ ဦးမှာ ၈၁ ဦး က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ကျန်တဲ့ဦးရေမှာ လက်နက်ကြီး ကြောင့် ၁၈ ဦး၊ လက်နက်ငယ်နဲ့ပစ်ခတ်ခံရလို့ ၉ ဦးသေဆုံးပြီး ထောင်တွင်းမှာကျန်းမာရေးကြောင့် ၂ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦး၊ သေဆုံးရတဲ့အကြောင်းရင်း စုံစမ်းဆဲ ၂ဦး ပါဝင်ပါတယ်။

ဒီစာရင်းဟာ AAPP က လက်လှမ်းမီသလောက် စာရင်းကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာအရေအတွက်က ဒီထက်ပိုမိုများပြားနိုင်တယ် လည်း အသိပေးပါတယ်။

ဒါအပြင် ဇန်နဝါရီလ တလတာအတွင်း နိုင်ငံရေးအရ စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၀ ဦးရှိခဲ့တယ်လို့ AAPP က ဆိုပါတယ်။

အာဏာသိမ်း လေးနှစ်တာကာလအတွင်းမှာတော့ AAPP ရဲ့စာရင်းတွေအရ စစ်တပ်လက်ချက်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ ၆,၂၄၄ ဦး ဆုံးပါးခဲ့ရပါတယ်။

မတရားအာဏာလုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး စစ်ကောင်စီက လူပေါင်း ၂၈,၄၅၉ ဦး ကို ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။