ဆိုင်းမင်း/People’s Spring
အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တစ်လတာအတွင်းမှာတင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်ချက် ကြောင့် အရပ်သား ၁၁၃ ဦး အသက် ဆုံးပါး ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အသိပေးဖော်ပြပါတယ်။
အရပ်သားသေဆုံးရမှု အများဆုံးကတော့ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ AAPP ရဲ့ ဖော်ပြချက် အရသိရပါတယ်။
စုစုပေါင်း သေဆုံး သူ ၁၁၃ ဦးမှာ ၈၁ ဦး က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာပါ။

Public Service Announcement
ကျန်တဲ့ဦးရေမှာ လက်နက်ကြီး ကြောင့် ၁၈ ဦး၊ လက်နက်ငယ်နဲ့ပစ်ခတ်ခံရလို့ ၉ ဦးသေဆုံးပြီး ထောင်တွင်းမှာကျန်းမာရေးကြောင့် ၂ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦး၊ သေဆုံးရတဲ့အကြောင်းရင်း စုံစမ်းဆဲ ၂ဦး ပါဝင်ပါတယ်။
ဒီစာရင်းဟာ AAPP က လက်လှမ်းမီသလောက် စာရင်းကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာအရေအတွက်က ဒီထက်ပိုမိုများပြားနိုင်တယ် လည်း အသိပေးပါတယ်။
ဒါအပြင် ဇန်နဝါရီလ တလတာအတွင်း နိုင်ငံရေးအရ စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၀ ဦးရှိခဲ့တယ်လို့ AAPP က ဆိုပါတယ်။
အာဏာသိမ်း လေးနှစ်တာကာလအတွင်းမှာတော့ AAPP ရဲ့စာရင်းတွေအရ စစ်တပ်လက်ချက်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ ၆,၂၄၄ ဦး ဆုံးပါးခဲ့ရပါတယ်။
မတရားအာဏာလုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး စစ်ကောင်စီက လူပေါင်း ၂၈,၄၅၉ ဦး ကို ဖမ်းဆီးခဲ့ပါတယ်။
