Connect with us

Hi, what are you looking for?

သတင်း

လူကုန်ကူးခံရသူ ၂,၀၀၀ကျော်ပြန်ပို့ထားပြီး စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံထားခြင်း မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ဟု ကရင်နယ်ခြားစောင့်တပ် ဆို

ယနေ့ တရုတ်နိုင်ငံသား ၆၁ဦး နေရပ်ပြန်ပို့ပေးမည်

အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ​ဖေ​ဖော်ဝါရီ ၅ရက် ညဦးပိုင်း၌ မြင်တွေ့ရစဉ်။(ဓာတ်ပုံ - People's Spring)

-People’s Spring

ကရင်ပြည်နယ်၊ နယ်စပ်ဒေသများရှိ စီမံကိန်း၌ လူကုန်ကူးခံရသူ ၂,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ထားပြီး ဆောင်ရွက်ခဲ့သော စီမံကိန်းများအား ပါဝင်ရင်းနှီးမြှပ်နှံထားခြင်း မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)က ယနေ့ (ဖေဖော်ဝါရီ ၆ရက်)တွင် အသိပေး ထုတ်ပြန်သည်။

ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)မှ ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၈တွင် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ပြီး နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေဖြင့် ပါဝင်ရင်းနှီးမြှပ်နှံသည့် အကျိုးတူလုပ်ငန်းအဖြစ် မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း BGF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင်အချို့သည် လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့်အတွက် နယ်ခြားစောင့်တပ်အနေဖြင့် အစိုးရ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းတို့ကို နယ်ခြားစောင့်တပ်အနေဖြင့် လုံးဝ လက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိပြီး မသမာလုပ်ငန်းများအား ပိတ်ပင်ကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိသည်ဟု ဖော်ပြထားသည်။

၂၀၂၃မှ လက်ရှိအချိန်အထိ လူကုန်ကူးခံရသူ စုစုပေါင်း ၂,၀၀၀ကျော်ကိုလည်း သက်ဆိုင်ရာနိုင်ငံအလိုက်ဆက်သွယ်ကာ နေရပ်ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

” နောက်ထက်ပြန်ပို့မယ့် အရေအတွက်အားဖြင့် ပြောဖို့ခက်တယ်ပေါ့။ ပြန်ပို့ပြီဆိုရင်တော့ ကျနော်တို့က အသုတ်လိုက်၊ အသုတ်လိုက် ပြန်ပို့မယ်”ဟု ကရင်နယ်ခြားစောင့်တပ်(BGF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား ၆၁ဦးအား မဲဆောက် – မြဝတီ ချစ်ကြည်ရေးအမှတ်(၂)တံတားမှ နေရပ်ပြန်ပို့ပေးမည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်း – မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများရှိသည်ဟု သံသယဖြင့် မြန်မာပြည်ဘက်ခြမ်းရှိ နေရာ ၅ ခုသို့ လျှပ်စစ်မီး ပေးပို့မှုများကို ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ရက် နံနက်က စတင်ဖြတ်တောက်ခဲ့သည်။

ထိုင်းနိုင်ငံဒေသဆိုင်ရာ လျှပ်စစ်အာဏာပိုင်ဌာန (PEA)က နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဖက်ခြမ်းရှိ ဧရိယာ ၅ ခုသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးထားပြီး မြဝတီမြို့၌ နှစ်နေရာ၊ မွန်ပြည်နယ်၌ တစ်နေရာနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ နေရာနှစ်ခုတို့ ဖြစ်သည်။

ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောထားသည်။

ထိုင်းအစိုးရက မြဝတီမြို့နယ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ဖေ​ဖော်ဝါရီ ၅ရက် ညဦးပိုင်း၌ မြင်တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်ပါဝင်ပတ်သက်နေလို့ ပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတောင်းဆိုလိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံကကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရလို့ Online ကခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ကလေးတွေကို လိင်အကြမ်းဖက်မှုနဲ့ လိင်ကျွန်ပြု လူကုန်ကူးမှု တရားခံဟောင်း ဂျက်ဖရီ အပ်စတိန်းရဲ့ အမှုဖိုင်တွဲတွေထဲမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နာမည် ပါဝင်နေခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆိုသွားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေမှာ ဖိလစ်ပိုင် နိုင်ငံသား လူကုန်ကူးမှု သားကောင်တွေ ပိတ်မိနေဆဲလို့ သိရပါတယ်။

သတင်း

လူကုန်ကူးသူ တရုတ်နိုင်ငံသား ၆ဦးကိုလည်း ပြန်ပို့ရန်စီစဉ်ထားဟု BGFပြော