Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ကျော်သေဆုံးဟု ဗိုလ်မှူးဒါဘော ပြော

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် ကာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ကျော်‌ သေဆုံးပြီး‌ လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ကျော် အင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောသည်။

အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် သိမ်းရသော လက်နက်များ။ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

■စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ခန့် အင်အားဖြည့်တင်းထားဟုဆို

■အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူနှင့် ဖမ်းမိသူ စုစုပေါင်း ၅၈ဦးရှိ

သတိုး/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် ကာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ကျော်‌ သေဆုံးပြီး‌ လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ကျော် အင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပြန်ပြီးခြုံပြီးသုံးသပ်မယ်ဆိုရင် ဖြုန်းတီးအင်အားနဲ့ သေဆုံးမှုက ၅၀၀ အထက်မှာရှိတယ်။ ဒီအောင်ဇေယျစစ်ဆင်ရေး ဒါကြောင့်လည်း သူတို့ဆက်မတိုးနိုင်တာအခုချိန်အထိ။ အင်အားဖြုန်းတီးမှုတွေ၊ ကျဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေများတဲ့အပေါ်မှာ ရှေ့ဆက်မတိုးနိုင်တာပေါ့” ဟု ဗိုလ်မှူးဒါဘောက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးကာ သင်တန်းသုံးလပေးထားသည့် ပြည်သူ့စစ် သင်တန်းဆင်းဟုဆိုသော အပတ်စဉ်(၆)မှ တပ်သားသစ် ၆၀၀ကျော် ကို အောင်ဇေယျစစ်ကြောင်းထံ စေလွှတ် အင်အားထပ်မံဖြည့်ထားသည်ဟု ပြောသည်။

“ပြည်သူ့စစ် စစ်မှုမထမ်းမနေရ လက်ထက်မှာ အပတ်စဉ်(၆)ဆိုရင် အင်အား ၆၀၀ ဖြည့်တယ် အောင်ဇေယျစစ်ကြောင်းမှာ။ ဒါက အပတ်စဉ် (၁၊၂ ၊၃)မပါသေးဘူး။ တောက်လျှောက်ဖြည့်တယ်။ လွန်ခဲ့တဲ့အပတ်စဉ်တွေက နည်းတယ်။၅၀ ၊ ၁၀၀ ။ တစ်တပ်ရင်းကို ‌၄၊၅ ၊ ၁၀ယောက်”ဟု ဗိုလ်မှူးဒါဘောကပြောသည်။

အင်အားဖြည့်တင်းမှုများရှိသော်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး၍ သင်တန်းပေးထားသူများဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများထံသို့ ထွက်ပြေးလာသူ ပိုမိုများပြားလာကြောင်းလည်း ၎င်းကဆိုသည်။

“၂၀၂၄ လေးလပိုင်းကစပြီး ၂၅ နှစ်လပိုင်းအထိ လက်နက်နဲ့ အလင်းဝင်လာတာ ၁၉ယောက်ရှိတယ်။ လက်နက်မပါဘဲ အလင်းဝင်လာတာက ၃၂ ဦးရှိတယ်။ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ၇ဦးရှိတယ်။ အားလုံးအောင်ဇေယျစစ်ကြောင်းမှာ ကျွန်တော့တို့ဆီရောက်လာတာ ၅၈ဦးရှိပြီ။”ဟု ဗိုလ်မှူးဒါဘောကပြောသည်။

အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတတ်လာချိန်တွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၁၂၀မှ ၁၅၀ခန့် အထိပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတစ်ခုလျှင် အင်အား ၄၀မှ ၇၀ခန့်သာရှိတော့ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ၎င်းက ဆိုသည်။

အောင်ဇေယျစစ်ကြောင်းထံမှ လေယာဉ်ပစ်လက်နက်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁၅စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်မှူးဒါဘောက ပြောသည်။

မြဝတီဒေသအတွင်း လက်လွတ်ခဲ့ရသည့်နေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၀လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်၌ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေသည်။

ထို့အပြင် လက်ရှိတွင်လည်း အောင်ဇေယျစစ်ကြောင်းမှာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံနေရပြီး ခံစစ်အသွင်ဖြင့် ခုခံနေရကြောင်း ဗိုလ်မှူးဒါဘောက ပြောသည်။

ဆက်စပ်သတင်းများ