Connect with us

Hi, what are you looking for?

သတင်း

AA က စစ်​တွေမြို့ရှိ စစ်တပ်စခန်းများကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်

ရခိုင်ပြည်နယ် ၊မြို့​တော်စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA) က လက်နက်ကြီးများပစ်ခတ်မှု အရှိန်မြှင့်လာပြီး မြို့သိမ်းတိုက်ပွဲစတင်တော့မည်ဟုသတင်းများထွက်နေကြောင်း မြို့ခံအချို့ကပြောသည်။

အမ်းမြို့ရှိ နပခ သိမ်းတိုက်ပွဲတွင် AA ကစစ်တပ်ထံမှသိမ်းထား​သောလက်နက်ကြီးများ၊သံချပ်ကာများကိုအသုံးပြု၍တိုက်ခိုက်စဥ်။ ဓါတ်ပုံ-AA Info Desk' screenshot

■ AAက စစ်တပ်ထံမှသိမ်းထား​သေလက်နက်ကြီးများဖြင့်တိုက်​နေပြီးစစ်​တွေမြို့သိမ်းတိုက်ပွဲစ​တော့မည်ဟုမြို့ခံများကြား သတင်းပျံ့​နေ

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ် ၊မြို့​တော်စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA) က လက်နက်ကြီးများပစ်ခတ်မှု အရှိန်မြှင့်လာပြီး မြို့သိမ်းတိုက်ပွဲစတင်တော့မည်ဟုသတင်းများထွက်နေကြောင်း မြို့ခံအချို့ကပြောသည်။

“အရင်ကတည်းကပစ်တာခတ်တာတွေရှိတယ်။ ညကစပြီး တော်တော်လေးပြင်းထန်တယ်။ တပ်တော်ဘက်ကပစ်တာ။ ထိုးစစ် စမယ်လို့လည်း ကြားနေရတယ်” ဟု စစ်တွေမြို့တွင်လက်ရှိ နေထိုင်နေဆဲ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်တွေမြို့တွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းနေရာများကို AA က လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။ ​ဖေ​ဖော်ဝါရီ ၈ ရက် နံနက်အ​စော ၁နာရီခန့်မှ ၄နာရီခန့်အထိ ပစ်ခတ်သံများ ဆူညံနေခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“မြို့တွင်းတိုက်ပွဲတော့ မဖြစ်သေးပါဘူး။ အရင်ကထက်တော့ စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

AAသည် ပြီးခဲ့သည့်၂၀၂၄ ဒီဇင်ဘာလမှစ၍ စစ်တွေမြို့အနီးရှိ စစ်ကောင်စီဂိတ်စခန်းများကို တိုက်

ခိုက်ခဲ့သည့်။ စစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်တန်ပြန်ပစ်ခတ်ခဲ့၍ အရပ်သားသေဆုံးမှုများရှိခဲ့သည်။

ထိုအပြင် ပြီးခဲ့သည့်အပါတ်က ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ သည်။

စစ်တွေမြို့နယ်တွင်လတ်တ​လောဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ AAက မထုတ်ပြန်​သေး​ပေ ။သို့သော်ဇန်နဝါရီလ၂၇ရက်​နေ့သတင်းထုတ်ပြန်ရာတွင် စစ်တွေမြို့အနီးပတ်ဝန်းကျင်

၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်ဟုဖော်ပြထားသည်။

စစ်ကောင်စီသည် စစ်တွေမြို့ကိုထိန်းချုပ်ထားနိုင်ကြောင်း ပြသနိုင်ရန်ကြိုးပမ်းနေပြီး ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း စစ်တွေမြို့၌ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“ပြည်ထောင်စုနေ့မတိုင်မီ AAက ထိုးစစ်စမလားမပြောတတ်ဘူး။ တိုက်ပွဲတွေမှာသိမ်းထားတဲ့လက်နက်ကြီးတွေကတော့ စစ်တွေကစစ်ရေးပစ်မှတ်တွေကို ချိန်ပြီးပြီလို့ ကြားရပါတယ်”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

AAသည်မာန်အောင်၊ ကျောက်ဖြူ နှင့် စစ်တွေမြို့နယ်မှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။

စစ်တွေမြို့အနီးဝန်းကျင်၌ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင် မြို့တို့ရှိပြီး အားလုံးကို AAက သိမ်းပိုက်ထိန်းချုပ်ထားသည်။သို့​သော်စစ်​ကောင်စီက စစ်​တွေမြို့မှ ပင်လယ်ကမ်းရိုးတန်းထွက်ပေါက် ရေလမ်းကြောင်းကိုပိတ်ဆို့ထားသလို မြို့တွင်း၌လည်း ခံစစ်ပြင်ဆင်ထားသည်။

အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် မာန်အောင်၊ ကျောက်

ဖြူနှင့် စစ်တွေမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချရန် ဒီဇင်ဘာ ၂၀ ရက်က နပခအား သိမ်းယူသည့်တိုက်ပွဲတွင်ဖမ်းမိထားသည့်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက AA ထုတ်ပြန်​သောရုပ်သံမှတ်တမ်းတွင်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ