Connect with us

Hi, what are you looking for?

သတင်း

လူမှောင်ခိုနဲ့ပတ်သက်တယ်‌ဆိုတဲ့ စွပ်စွဲချက်ကတော့ ဒါတဖက်သတ် စွပ်စွဲချက်လို့ ဒီလိုပဲ ပြောချင်ပါတယ်

ကမ္ဘာ့သတင်း​တွေမှာပါ ဒီရက်ပိုင်း ဟိုး​လေးတ​ကျော်​ကျော်ဖြစ်​ခဲ့ပြီးနောက် ထိုင်း – မြန်မာနယ်စပ်က လူကုန်ကူးဂိုဏ်းတွေကို တားဆီးတိုက်ဖျက်ဖို့ဆိုကာ ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နယ်စပ်ဒေသက နေရာငါးခုကို လျှပ်စစ်မီးနဲ့ လောင်စာဆီးပေးပို့မှု ဖြတ်တောက်ခဲ့ပါတယ်။

နဒီ၊သတိုး/People’s Spring

ကမ္ဘာ့သတင်း​တွေမှာပါ ဒီရက်ပိုင်း ဟိုး​လေးတ​ကျော်​ကျော်ဖြစ်​ခဲ့ပြီးနောက် ထိုင်း – မြန်မာနယ်စပ်က လူကုန်ကူးဂိုဏ်းတွေကို တားဆီးတိုက်ဖျက်ဖို့ဆိုကာ ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နယ်စပ်ဒေသက နေရာငါးခုကို လျှပ်စစ်မီးနဲ့ လောင်စာဆီးပေးပို့မှု ဖြတ်တောက်ခဲ့ပါတယ်။

ဒါ့အပြင် ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ​ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် သုံးဦးကို ထိုင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့ DSI က ဖမ်းဝရမ်းထုတ်နိုင်ဖို့ စီစဉ်နေပါတယ်။

နယ်စပ်က လူကုန်ကူးဂိုဏ်းတွေကို ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်ကို လူထု​နွေဦးက ဆက်သွယ်​မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မေး – ကျားဖြန့်လုပ်ငန်းတွေ နှိမ်နှင်းဖို့ဆိုပြီး ထိုင်းဘက်က မီးဖြတ်တယ်၊ လောင်စာဆီတွေဖြတ်ထားပါတယ်။ နောက်တဆင့်တက်လာပြီးတော့ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် BGF ခေါင်းဆောင်သုံးဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့အတွက် ထိုင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့ DSIက လုပ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး BGFက ဘာများ မှတ်ချက်ပြုချင်ပါလဲ။

ဖြေ – ဖမ်းဝရမ်းထုတ်တဲ့အပေါ်မှာ ကျွန်တော်တို့က အဓိကပြောချင်တာကတော့ နံပတ်တစ်အချက်က ထိုင်းနိုင်ငံအနေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ မေးချင်တာက ထိုင်းနိုင်ငံအပေါ်ကို ဘာအပြစ်တွေ လုပ်မိလို့လဲ။ လက်ရှိ လူမှောင်ခိုကုန်ကူးမှုမှာရော ကျွန်တော်တို့ခေါင်းဆောင်တွေက ဒါကို တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိနေသလား။ မရှိဘူးလားဆိုတာ သေချာစိစစ်ဖို့ လိုတယ်။ကျွန်တော်တို့ခေါင်းဆောင်တွေက ဒီအပေါ်မှာ ဒီလူမှောင်ခိုတားဆီးတိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ အဓိကညွှန်ကြားပြီးတော့ တိုက်ဖျက်ရေးအတွက်ကို အဆင့်ဆင့် တာဝန်ပေးပြီး တိုက်ဖျက်နေတယ်ဆိုတာအားလုံးကို အတိအလင်းပြောထားပြီးသားလည်း ဖြစ်တယ်။အဲဒီ့အပေါ်မှာမှ လူမှောင်ခိုနဲ့ပတ်သက်တယ်‌ဆိုတဲ့ စွပ်စွဲချက်ကတော့ ဒါတဖက်သတ်စွပ်စွဲချက်လို့ ဒီလိုပဲ ပြောချင်ပါတယ်။

မေး – ထိုင်းအစိုးရအနေနဲ့ ကျားဖြန့်နှိမ်နှင်းဖို့အတွက် BGFကို တရားဝင်ဆက်သွယ် အကြောင်းကြားလာတာ အသိပေးလာတာ ရှိလား။ ရှိတယ်ဆိုရင် ဘယ်လိုမျိုးတွေ အသိပေးလဲ။

ဖြေ – ထိုင်းအစိုးရအနေနဲ့ကတော့ ကျွန်တော်တို့ ထင်ပါတယ်။ သူတို့အနေနဲ့တော့ G to Gတော့ အလုပ်လုပ်နေမယ်ထင်ပါတယ်။ ကျွန်တော်တို့နဲ့ကတော့ အောက်ခြေအဆင့် ဆက်သွယ်မှုလုပ်လာတိုင်း လုပ်လာတိုင်းမှာ ကျွန်တော်တို့ဘက်က မလုပ်ပေးခဲ့တာဘာတစ်ခုမှ မရှိဘူး။လုပ်လာတိုင်း လုပ်လာတိုင်း ကျွန်တော်တို့ဘက်က ငြင်းဆိုခဲ့တာလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သည် ကျွန်‌တော်တို့ စိုးမိုးနယ်မြေ ထိန်းချုပ်ထားနဲ့နယ်မြေမှာ နိုင်ငံတော်ကိုယ်စား ကျွန်တော်တို့ဘက်ကနေ ပြီးတော့‌ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်မှုအကြောင်းပြုပြီးလုပ်ပေးခဲ့တာချည်းပဲ။ ဥပမာဆိုရင် ကျွန်တော်တို့ အခုဟာဆိုရင် တံတား(၂)ပေါ်ကနေ တရားဝင်လွှဲပြောင်းပေးလို့သာလျှင် ၆၁ ဦးကစပြီး စာရင်းပေါ်လာတာ။စာရင်းမပေါ်တာ လူပေါင်း နှစ်ထောင်လောက်ရှိတယ်။ သက်ဆိုင်ရာ မြန်မာနိုင်ငံဘက်ကနေ ပြန်ပို့ခဲ့တာ၊ အရင်တုန်းကလမ်းပန်းဆက်သွယ်ရေးကောင်းတော့ ဒီဘက်ကနေသက်ဆိုင်ရာကိုပြန်အပ်ပြီး သက်ဆိုင်ရာ သံရုံးအသီးသီးကို ပြန်လွှဲခဲ့တာတွေရှိတယ်။ကျွန်တော်တို့ နောက်ကာလတွေမှာလည်း လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့နေရာမှာ သက်ဆိုင်ရာအိမ်နီးချင်းထိုင်းနိုင်ငံကို အလီလီ ပြန်လွှဲပေးခဲ့တာလည်းရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လွှဲပေးခဲ့တာကစာရင်းမပေါ်ပဲနဲ့ တစ်ဖက်နိုင်ငံက ကယ်ဆယ်ခဲ့တယ်ဆိုတဲ့သတင်းတွေတော့ မကြာခဏတွေ့ရတာပေါ့

မေး – နယ်စပ်ဒေမှာ ထိုင်းအစိုးရနဲ့ BGF ပူးပေါင်းလုပ်လုပ်ဆောင်နေတဲ့ အရာတွေရော ရှိလား။ ဘယ်လိုအရာတွေ ပူးပေါင်းလုပ်ဆောင်နေလဲ။

ဖြေ – နယ်စပ်ဒေသမှာ ထိုင်းအစိုးရတိုက်ရိုက်မဟုတ်တောင် ခုနက အောက်ခြေဆက်ဆံအကြောင်းကြားချက်အရ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ ဥပမာ လက်ရှိကြီးမားသော အရာကိုပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ထိုင်း ရုပ်ရှင်မင်းသား၊ မင်းသမီးအဖေ ၊ အမေကို သတ်သွားတဲ့တရားခံတွေ ရွှေငွေတွေနဲ့တကွ ပြန်လည် ဖော်ထုတ်ပေး ခဲ့တာတွေရှိတယ်။ အဲဒီ့အထဲမှာမှ ပိုပြီးထိထိရောက်ရောက်သိသာထင်ရှားတဲ့အရာကို ပြောပါဆိုရင် ပတ္တရားမှာ လူသတ်ပြီးတော့ တံတားမှာ သေတ္တာထဲအလောင်း ဖျောက်ပြီးထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသားလေးယောက်နဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာထိုင်းရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းဖော်ထုတ်ပေးခဲ့တဲ့ အရာတွေလည်းရှိခဲ့တယ်။ကျွန်တော်တို့ဆီမှာလည်း ဓာတ်ပုံမှတ်တမ်း‌တွေရော မှတ်တမ်းမှတ်ရာတွေအများကြီးရှိခဲ့တယ်။အဲဒီ့နောက်မှာလည်း ထိုင်းနိုင်ငံအတွင်းမှာ ကျွန်တော်တို့ကိုအကြောင်းကြားလာတဲ့ မော်တော်ယာဉ်ပျောက်ဆုံးမှုတွေ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ နောက်ဆုံး တရားခံပြေး ၊ ထွက်ပြေးလွတ်မြောက်လာတဲ့အရာတွေ ကျွန်တော်တို့လက်လှမ်းမီသလောက်ပူးပေါင်း ဖော်ထုတ်ပေးပြီးတော့ အများကြီးကူညီဆောင်ရွက်ပေးခဲ့တာတွေလည်းရှိပါတယ်။

မေး – အခု ဖြစ်စဉ်တစ်ခုလုံးကြည့်တဲ့အခါမှာ တရုတ်က စစ်ကောင်စီကိုလည်း ဖိအားပေးသလို၊ ထိုင်းအစိုးရကိုလည်း ဖိအားပေးတာ မြင်ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ပုန်းနေတယ်။ စစ်​ကောင်စီကပဲ ထိုင်းဘက်ကနေ မီးပေးလို့ ကျားဖြန့်လုပ်ငန်းတွေက လုပ်ရပါတယ်ဆိုပြီး ဝါဒဖြန့်သတင်းစာတွေမှာ ရေးခဲ့တယ်။ အဲလိုပြောပြီးမှာ ထိုင်းဘက်က မီးတွေဖြတ်လာတယ်။ အခုကြစစ်ကောင်စီအသံက ပျောက်နေတယ်။ နောက်ပြီး စစ်ကောင်စီကလည်း မြဝတီဒေသကို လောင်စာဆီပေးပို့တာ ပိတ်ဆို့ထားတယ်။ BGFက စစ်တပ်နဲ့ နှစ်​တွေအကြာကြီး အတူတွဲလုပ်လာကြတယ် ဒီကိစ္စမှာကြ စစ်ကောင်စီက ဘာမှတာဝန်မခံတာ၊ တာဝန်မယူတာနဲ့ပတ်သက်ပြီးရော ဘာပြောချင်လဲ။

ဖြေ – လက်ရှိကတော့ ဒီကိစ္စရဲ့အနေအထားကိုကြည့်ရင် ဒါကတော့ ရှင်းရှင်းပြောရရင် အားလုံးကလက်ရှောင်မှာပဲလေ။ ဒီကိစ္စကလည်း အရင်ကတည်းက နိုင်ငံတော်ဘက်ကဖိအားပေးတာတွေလည်းရှိပါတယ်။ ရှိခဲ့လို့လည်း ကျွန်တ်ောတို့က ၂၀၂၄ နိုဝင်ဘာလမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးကိုပြန်လည်ထွက်ခွာဖို့ ကျွန်တော်တို့ တရားဝင်စာထုတ်ပြန်ထားတာရှိတယ်။ စာထုတ်ပြန်တဲ့အပေါ်မှာလည်း ခုနက အသီးသီးပြန်တဲ့သူတွေရှိသလို ကျွန်တော်တို့ အစီအစဉ်နဲ့ လူနှစ်ထောင်ကျော်လောက် ပြန်ပို့ခဲ့ရတာ‌လည်းရှိတယ်။ရှိပြီးတော့မှဒီနောက်ပိုင်းမှာပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်လာတဲ့အခါကျတော့ ထိုင်းဘက်က မီးဖြတ်တာတွေ ဆီဖြတ်တာတွေလုပ်လာတယ်။ လုပ်လာတော့ လောင်စာဆီနဲ့ ပတ်သက်ပြီး ပိတ်ဆို့တားဆီးမှုက ကျွန်တော်တို့ကိုထိခိုက်မှုထက်ကို ပြည်သူတွေ ထိခိုက်မှုက ပိုပြီးတော့များတယ်။များတဲ့အခါကျတော့တာဝန်ယူမှု တာဝန်ခံမှုအပိုင်းနဲ့ပြောရရင်တော့ ခုနကတော့ ကျွန်တော်တို့ ဒီကိစ္စကျ တာဝန်ယူတာဝန်ခံမယ့်သူမရှိဘူးဆိုတာလည်းမဆန်းဘူးလေ။

မေး – တရုတ်က ဖိအားပေးလာတဲ့အခါ စစ်ကောင်စီက ကိုးကန့်ပြည်သူ့စစ်​ခေါင်း​​ဆောင်တွေကိုလည်း တရုတ်လက်ကိုလွှဲ ပေးခဲ့တယ်။ လေ့လာသူတွေ သုံးသပ်တာတော့ စစ်ကောင်စီက ဗိုလ်မှူးကြီးစောချစ်သူကို ထိုးကြွေးတာမျိုး ရှိလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဲလို လုပ်လာမှာ စိုးရိမ်တာမျိုး၊ ပြင်ဆင်ထားတာမျိုးရော ရှိလား။

ဖြေ – ကျွန်တော်တို့က အခုလက်ရှိက ဟိုးအရင်ကတည်းကလည်း ဒီကိစ္စကိုခဏခဏ ပြောဖူးပါတယ်။‌ ပြောဖူးတယ်ဆိုတဲ့အခါကျ‌တော့ ဟိုဘက်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကို ကိုးကန့်တွေကိုလည်း ကျွန်တော်တို့က ဘယ်လိုပြောမလဲ ဖိပြောသလိုမျိုးလည်း ခဏခဏဖြစ်နေမှာလည်းစိုးရိမ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လုပ်ပုံကိုင်ပုံခြင်းကလည်း မတူပါဘူးခင်ဗျ။ မတူဘူးဆိုတာ ဒီဘက်မှာက အကြိမ်ကြိမ်အခါခါပြောဖူးတယ်။ ကျွန်တော်တို့က မြေငှားသက်သက်ပဲ။ ‌ကျွန်တော်တို့က ဒီကိစ္စကို ပူးပေါင်းဆောင်ရွက်မယ်။ ကျွန်တော်တို့မကြာခင်မှာလည်း ကျားဖြန့် ပပျောက်ရေးနှိမ်နင်းရေး အထူးအဖွဲ့ဆိုပြီး ဖွဲ့စည်းပြီးတော့မှ ထိထိရောက်ရောက် နှိမ်နင်းဖို့လည်း အစီအစဉ်တွေရေးဆွဲနေပါပြီ။ မကြာခင်မှာလည်း ဒါလေးကို ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက်မြင်ရမှာပေါ့။ အခုအချိန်လေးတော့ ခဏစောင့်ဆိုင်းပေးစေချင်ပါတယ်။

မေး – တကယ်လို့ ထိုင်းကနေ ဖမ်းဝရမ်းထုတ်လာရင်ရော ဘယ်လိုမျိုး စီစဉ်ထားတာရှိလဲ။ အဖမ်းခံရ

မှာကိုရော စိုးရိမ်ပူပန်မှုရှိလား။

ဖြေ – ထိုင်းဘက်ကတော့ ဖမ်းဝရမ်းထုတ်လာတယ်ဆိုတာက ခုနကပြောသလို ကျွန်တော်တို့က ထိုင်းနိုင်ငံကို ထိခိုက်နစ်နာအောင် ဘာတွေလုပ်မိသလဲ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ထိုင်းကိုပုန်ကန်နေတာလည်းမဟုတ်ဘူး ။ထိုင်းကို အိမ်နီးချင်းကောင်းပီသစွာနဲ့ ညီအစ်ကိုအရင်းလို ဆက်ဆံခဲ့တာ နှစ်ပေါင်းများခဲ့ပြီ။လက်ရှိကျွန်တော်တို့အပေါ်ကို ဒီလို ဆက်ဆံလာတဲ့အပေါ်တော့ စိတ်မကောင်းဖြစ်ရတယ်။အမှန်တကယ်ကတော့ ခေါင်းစဉ်က ရှင်းရှင်းလေးပါ ။ ကျားဖြန့်ပပျောက်ရေး ကျားဖြန့်တိုက်ဖျက်ရေးအတွက်ပါ ။ဒီအတွက်ကိုတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကျမယ်ဆိုရင် ဒီကိစ္စကပပျောက်သွားမယ်။ အဖြေက ရှင်းရှင်းလေးပဲ။ ဒီအပေါ်မှာမှ ခေါင်းစဉ်လေးတစ်ခုတပ်ပြီး အဲဒီ့အောက်မှာမှ ဘယ်လိုအညှိုးနဲ့ ဘယ်လိုအမုန်းတရားနဲ့ ဘယ်လိုမျိုးစီစဉ်နေလဲ ကျွန်တော်တို့မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကြီးအကဲတွေက‌လူမှောင်ခိုကိစ္စနဲ့ လုံးဝပတ်သက်ခြင်းလည်းမရှိသလို ကျွန်တော်တို့ ဘယ်ကနေ စီးဆင်းလာလဲဆိုတာကိုတော့ ခုနက စွပ်စွဲဖို့လုပ်တဲ့သူတွေက ပြန်စဉ်းစားဖို့လိုတယ်။

မေး – ကျားဖြန့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ BGFကရော DKBAကရော ငြင်းဆိုကြပေမယ့်

အမှု​တွေကဆက်တိုက်​ပေါ်နေပါတယ်။ ကျားဖြန့်နဲ့ပတ်သက်ပြီးတော့ ​ကြေညာထားသလို နှိမ်နှင်းရေးလုပ်မယ်ဆိုတာရော အခုထက်ပိုပြီး ဘာများလုပ်ဖို့ရှိလဲ။

ဖြေ – ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က မတရားညှင်းပမ်း နှိပ်စက်ခံရတယ်လို့ ဒီကိစ္စကို ကြားသိရင် ကြားသိခြင်း အဲဒီ့နေရာကို ခုနကလူမှောင်ခိုတားဆီးတိုက်ဖျက်ရေးအဖွဲ့ဆိုတာ နဂိုကတည်းကရှိပြီးသား။ ဒီနောက်ပိုင်းမှ ကျားဖြန့် ပပျောက်တိုက်ဖျက်ရေးအထူးအဖွဲ့ဆိုပြန်ဖွဲ့တာ။ ဒီကိစ္စကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ ထိထိရောက်ရောက်လုပ်နိုင်ဖို့ ပြန်ဖွဲ့မှာပါ။ ဒီရက်ပိုင်းထဲမှာ ဒါလေးကိုဖွဲ့စည်းပြီး တရားဝင်သတင်းထုတ်ပြန်ပါ့မယ်။ ဒီအပေါ်မှာမှ ကျားဖြန့် နှိမ်နင်းရေးအတွက် အခုထက်ပိုပြီး ဘာများလုပ်နိုင်မလဲဆိုတာကတော့ ကျွန်တော်တို့က အခုအလုပ်မပြီးသေးခင် မထုတ်ပြန်ချင်သေးပါဘူး။ တကယ်အလုပ်လုပ်ပြီဆိုရင် သက်ဆိုင်ရာနိုင်ငံအသီးသီးအတွက်လည်းကောင်း သတင်းမီဒီယာအသီးသီးအတွက်လည်းကောင်း ပွင့်လင်းမြင်သာစွာနဲ့ချပြပါမယ်။

မေး – ဗိုလ်မှူးကြီးစောချစ်သူကိုဖမ်းမိရင် လာဘ်ပေးလာဘ်ယူလုပ်ထားတဲ့သူတွေကို ဖမ်းမိမယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမှတ်ချက်ပြုချင်လဲ။

ဖြေ – လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝကိုငြင်းချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက ညီအစ်မနိုင်ငံဟုတ်သလို ညီအစ်ကိုနိုင်ငံဆိုလည်းမမှားပါဘူး။ အဲဒါကြောင့်မိုလို့ ခုနက နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကိစ္စတွေ အခြားလူမှောင်ခိုကုန်ကူးကိစ္စတွေကလွဲရင်ထိတွေ့ဆက်ဆံနေရတာပဲရှိတယ်။ အဲဒီ့အပေါ်မှာ ထိုင်း ဘက်ကတာဝန်ရှိသူတွေ တစ်ဦးတစ်ယောက်ကိုမှ လာဘ်ပေးတာလည်း မလုပ်ခဲ့သလို သူတို့ဘက်ကလည်း ကျွန်တော်တို့ဆီက ဘာမှယူတာလည်း လုပ်ခဲ့တာမရှိပါဘူး။အားလုံးကသာမာန် နယ်စပ်မှာ နှစ်နိုင်ငံဆက်‌ဆံရေးအရသာ ဆက်ဆံနေခြင်းပဲရှိတယ်။

မေး – ဘာများဖြည့်စွက်ပြောကြားချင်ပါ​သေးလဲ။

ဖြေ – လက်ရှ်ိအနေအထားအရ ထပ်ပြီးဖြည့်စွက်ပြောကြားချင်တာတော့ ကျွန်တော်တို့ မြဝတီမြို့မှာ ပြည်သူတွေ စက်သုံးဆီနဲ့ပတ်သက်ပြီး အခက်အခဲများစွာ ကြုံတွေ့နေရတဲ့အပေါ်မှာ နိုင်ငံ‌တော်သက်ဆိုင်ရာ‌ ထိုင်းဘက်ကနေပြီးတော့ ဖြတ်တောက်ထားတဲ့အပေါ်မှာလည်း ပြည်တွင်းထဲကနေရရှိတဲ့စက်သုံးဆီတွေကို သက်ဆိုင်ရာဒေသအာဏာပိုင်အသီးသီးကနေ စီမံခန့်ခွဲပြီးတော့မှ ပြည်တွင်းထဲကစက်သုံးဆီတွေကို ပြည်သူတွေလက်ဝယ်ရောင်းချပေးနိုင်ဖို့ကိုတော့ ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။ကျွန်တော်တို့ကို ဆီတစ်ပုလင်းမှမပေးလည်းကျေနပ်ပါတယ်။ အဓိကက ပြည်သူတွေလက်ဝယ်ကို စက်သုံးဆီရောင်းချပေးနိုင်ဖို့ ဒေသအာဏာပိုင်တွေအနေနဲ့ကူညီပေးပါကူညီပေးစေချင်တယ်လို့ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ