Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းကမ်ပိန်းထောက်ပံ့ငွေအားလုံး စစ်ကောင်စီတိုက်ခိုက်ရာ အသုံးပြုမည်ဖြစ်၍ ပြည်သူများဝိုင်းပံ့ပိုးကြရန် KNLA တပ်မဟာ(၂)တပ်မဟာမှူး တိုက်တွန်း

စစ်တောင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ်လုပ်ဆောင်သည့် စစ်တောင်းကမ်ပိန်း၌ တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းပံ့ပိုးပေးကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂတ်(စ်)စတီးက တိုက်တွန်းသည်။

KNLA တပ်မဟာ(၂) တပ်မဟာမှူးဗိုလ်မှူးချုပ် စောဩဂတ်(စ်)စတီးအား တွေ့ရစဉ်

ဟန်နွေ/People’s Spring

စစ်တောင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ်လုပ်ဆောင်သည့် စစ်တောင်းကမ်ပိန်း၌ တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းပံ့ပိုးပေးကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂတ်(စ်)စတီးက တိုက်တွန်းသည်။

စစ်တောင်းကမ်ပိန်းကို ဖေဖော်ဝါရီလဆန်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကမ်ပိန်းကာလမှာ နှစ်လနီးပါးကြာ မတ်လ ၃၁ရက်အထိ ဖြစ်သည်။

“ဒီကမ်ပိန်းမှာတော့ ကျနော်တို့အနေနဲ့ ဘတ်ငွေသုံးသန်းရရှိဖို့ မျှော်မှန်းထားပါတယ်။ ကျနော်တို့ ရရှိတဲ့ ထောက်ပံ့ငွေတွေအားလုံး အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ထုတ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ သုံးသွားမှာ ဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်စောဩဂ(စ်)စတီးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တောင်းဒေသရှိ စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများ၏ နေရာကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် နည်းမျိုးစုံဖြင့် ပြည်သူကို အကြမ်းဖက်မှုများလုပ်ဆောင်နေ၍ ပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ရကြောင်း ၎င်းက အသိပေးသည်။

“ဒါကြောင့် ကျနော်တို့ရဲ့ ပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ ရှင်သန်နေထိုင်နိုင်ဖို့အတွက် ပရဲလိုကလိုး(စစ်တောင်း)ကမ်ပိန်းကို လုပ်ရတာဖြစ်တယ်။ အဲဒီနယ်မြေမှာ ဆိုရင် လက်နက်ကြီး ပစ်တာ ၊ ဒရုန်းနဲ့ ဗုံးကြဲတာ အပြင် အရပ်သား ပြည်သူတွေကို ခြိမ်းခြောက်တာ ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းတာ အများကြီးရှိတယ်။ ကျနော်တို့ နယ်မြေအတွင်းမှာ ရှိတဲ့ ကျနော်တို့ အရပ်သား ပြည်သူတွေ အကြမ်းဖက်မှုကနေ လွတ်မြောက်ဖို့ ဒီကမ်ပိန်းကို လုပ်တာဖြစ်တယ်”ဗိုလ်မှူးချုပ် စောဩဂတ်(စ်)စတီးက ပြောသည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပရှိ ညီအကိုမောင်နှမများနှင့် ပြည်သူလူထုများအပြင် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလူမျိုးများအားလုံးက ကမ်ပိန်းကို ဝိုင်းဝန်းထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ