Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလူ့အခွင့်အရေးကော်မရှင် တရားမဝင်ဟု NUG ကြေညာ

အာဏာသိမ်းစစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်းနှင့် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် အသိ အမှတ်ပြု လက်ခံခြင်း၊ တွေ့ဆုံခြင်း၊ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းများ မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းချက် ထုတ်ပြန်သည်။

ကဖေး/People’s Spring

အာဏာသိမ်းစစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်းနှင့် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် အသိ အမှတ်ပြု လက်ခံခြင်း၊ တွေ့ဆုံခြင်း၊ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းများ မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းချက် ထုတ်ပြန်သည်။

အဆိုပါ ကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်း သည့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း မဟုတ်ဘဲ စစ်အုပ်စု၏ အလိုဆန္ဒအတိုင်း ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“လူ့အခွင့်အရေးချိုးဖောက်ခံနေရသော ပြည်သူများဘက်ကို စိုးစဥ်းမျှရပ်တည်ထုတ်ဖော် ပြောကြားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်မှုများကို ရေငုံနှုတ်ဆိတ်နေခဲ့သည်”ဟု NUG က ဆိုထားသည်။

Public Service Announcement

Public Service Announcement

ယခင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စစ်ကောင်စီက၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီအလိုကျ ရပ်တည်ဆောင်ရွက်ခဲ့သော အဖွဲ့ဝင်ဟောင်းအများစုဖြင့် ထပ်မံဖွဲ့စည်းထားခြင်းဖြစ်ရာ ယခင်ကော်မရှင်ကဲ့သို့ လွတ်လပ်၊ အမှီအခိုကင်းသည့် ကော်မရှင်မဟုတ်ဟု NUGက ထုတ်ပြန်ထားသည်။

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့-Global Alliance of National Human Rights Institute(GANHRI)ကလည်း စစ်ကောင်စီ၏မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ အဖွဲ့ဝင်အဖြစ်မှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်တွင်ရုပ်သိမ်းထားသည်။

လူအခွင့်အရေးချိုးဖောက်မှုများကြောင့် အဖွဲ့ဝင်ဖြစ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့်လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်သည် အဆိုပါ စစ်ရာဇဝတ်မှုများကို နှုတ်ဆိတ်နေခဲ့ပြီး စစ်အာဏာရှင်နှင့် အလိုတူအလိုပါဖြစ်နေခဲ့သည်ဟု ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

“နိုင်ငံရေးအရ ဗန်းပြလို့ကောင်းအောင် ဖွဲ့ထားတဲ့အဖွဲ့ပဲ။ သူတို့ကျူးလွန်တဲ့အပြစ်တွေနဲ့ ကော်မရှင်ရဲ့နာမည်နဲ့တောင် မလိုက်ဘူး” ဟု မန္တလေးမြို့ ဒေသခံလူငယ်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ