သတင်း
"ဝန်သိုက ၁၁ယောက်ကတော့ ဘယ်သူတွေက ဖမ်းသွားလဲ မသိရသေးဘူး။ ကသာမှာတုန်းကတော့ တစ်ယောက်တည်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းသွားတာ။ နောက်နေ့ ပြန်လွှတ်ပေးတယ်" ဟု ကသာမြို့ခံတစ်ဦးကပြောသည်။
Hi, what are you looking for?
"ဝန်သိုက ၁၁ယောက်ကတော့ ဘယ်သူတွေက ဖမ်းသွားလဲ မသိရသေးဘူး။ ကသာမှာတုန်းကတော့ တစ်ယောက်တည်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းသွားတာ။ နောက်နေ့ ပြန်လွှတ်ပေးတယ်" ဟု ကသာမြို့ခံတစ်ဦးကပြောသည်။
ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်မြောက်ခဲ့ကြောင်းသပိတ်ကော်မတီဝင်များထံမှသိရသည်။
ထိုအဆောက်အဦးအား ဆောက်လုပ်ပေးနေသူများကိုလည်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး ဆက်လက်တည်ဆောက်နေလျှင် ၎င်းတို့အသက်အတွက် အာမခံနိုင်မည်မဟုတ်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ကဖမ်းဆီးသူများထဲတွင် တော်လှန်ရေးဦးဆောင်သူများ၊ CDMဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ နှင့်တက်ကြွလှုပ်ရှားသူများပါဝင်သည်ဟု လောင်းလုံးမြို့နယ်ပ.အ.ဖ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ဒေသခံများက ပြော သည်။
အုပ်ချုပ်ရေးမှူးလှမိုးသည် ဝဲရင်အုံ၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
"ကျွန်မတို့ကဖမ်းသွားကတည်းကသိတယ်။ အခုလို လုပ်မယ်လို့ တွေးမထားမိဘူး။ အခုတော့ မီးရှို့သတ်သွားတာ အတည်ပြုလို့ရပြီ။ အလောင်းတွေ ရွာကို ပြန်သယ်ခဲ့ပြီ"ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသခံများ မယုံနိုင်ဘဲ အံသြထိတ်လန့်တုန့်လှုပ် နေကြကြောင်းလည်းဒေသခံအချို့ကပြောသည်။