Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘူးသီး​တောင်မှာ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင် ထောင်ဂဏန်းကို စစ်တပ်က လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ဖမ်းဆီးထားတယ်လို့ Indian Express​ဖော်ပြ

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

(The New Indian Express တွင်သတင်း​ဖော်ပြထားမှုနှင့် ဘူးသီး​တောင်မြို့ရှိ MSF ရုံး၊​ဆေးခန်းဖျက်ဆီးခံထားရမှု ။ဓါတ်ပုံ-MSF)
(The New Indian Express တွင်သတင်း​ဖော်ပြထားမှုနှင့် ဘူးသီး​တောင်မြို့ရှိ MSF ရုံး၊​ဆေးခန်းဖျက်ဆီးခံထားရမှု ။ဓါတ်ပုံ-MSF)

▪︎WFP ဂို​ဒေါင်​ဖောက်ထွင်းလုပ်ယက်မှု ၊MSF ရုံးနှင့်​နေအိမ် ၄၀ ​ကျော်မီးရှို့မှုမှာ စစ်​ကောင်စီတပ် ၊စစ်တပ်ကစစ်သင်တန်း​ပေးထား​သူများ ကကျူးလွန်ခဲ့ဟု ​ဒေသတွင်းသတင်းဌာန​ဖော်ပြ

People’s Spring

ရခိုင်ပြည်နယ်ထဲမှာ အာဏာသိမ်း စစ်တပ်က လက်နက် တပ်ဆင်ပေးထားတဲ့ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း တချို့က ထောင်နဲ့ချီ များပြားတဲ့ ဒေသခံ ဟိန္ဒူတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဖမ်းဆီးထားကြောင်း အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာ အစွန်းရောက်ဝါဒစွဲ လက်နက်ကိုင် အဖွဲ့အစည်း တချို့ဟာ ဘူးသီးတောင် မြို့နယ်ထဲမှာ ဟိန္ဒူ ၁၆၀၀ ကျော်နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဝန်းကျင်လောက်ကို လက်နက်အားကိုးနဲ့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဒေသခံ သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး Indian Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဘူးသီးတောင်မှာ စစ်ရေး အခြေအနေတွေက ခက်ထန် ဆိုးရွားနေပြီး အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း တချို့ဟာ အာဏာသိမ်း စစ်တပ်ကိုယ်စား ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေအပေါ် ဘာသာရေး အခြေခံတဲ့ သတ်ဖြတ်မှုတွေ၊ အနိုင်ကျင့်မှုတွေ ကျူးလွန်နေကြောင်း Indian Expressက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

(The New Indian Express တွင်သတင်း​ဖော်ပြထားမှုနှင့် ဘူးသီး​တောင်မြို့ရှိ MSF ရုံး၊​ဆေးခန်းဖျက်ဆီးခံထားရမှု ။ဓါတ်ပုံ-MSF)
(The New Indian Express တွင်သတင်း​ဖော်ပြထားမှုနှင့် ဘူးသီး​တောင်မြို့ရှိ MSF ရုံး၊​ဆေးခန်းဖျက်ဆီးခံထားရမှု ။ဓါတ်ပုံ-MSF)

အဲဒီ အခြေအနေတွေကြောင့် ၂၀၁၇ တုန်းက ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဟိန္ဒူတွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ကိစ္စမျိုးတွေ ထပ်မံ ပေါ်ပေါက်လာမှာ စိုးရိမ်ရတယ်လို့လည်း အိန္ဒိယ သတင်းဌာနက ရေးသားထားပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ဆက်တိုက် အရေးနိမ့်နေတဲ့နောက် ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ရှုပ်ထွေးလာအောင် ရည်ရွယ်ချက်ရှိရှိ ကြံဆောင်နေကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဧပြီ ၁၁ ရက်နေ့က ရခိုင်လူငယ် နှစ်ဦးဟာ ဘူးသီးတောင်မှာ လည်ပင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပြီး ရခိုင်မှာ မနှစ်က နှစ်ကုန်ပိုင်းက တိုက်ပွဲတွေ တကျော့ပြန် စတင်လာပြီးနောက်ပိုင်း ဒီလို သတ်ဖြတ်မှုတွေကို ပထမဆုံး တွေ့ကြုံလာရတာပါ။

စစ်တပ်ဟာ အာရက္ခတပ်တော် (AA)ကို တိုက်ခိုက်ဖို့အတွက် အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေး တပ်မတော် (ARSA)နဲ့ အာရကန် ရိုဟင်ဂျာ တပ်မတော် (ARA)တို့ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးနေတယ်လို့ Indian Expressရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးတော့ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်ရှောင်တွေရဲ့ နေအိမ်တွေကို လုယက်ဖောက်ထွင်းတာ၊ အိမ်မီးရှို့တာ၊ ဒေသခံတွေကို အဓမ္မ ဖမ်းဆီးတာတွေပါ ကျူးလွန်နေတယ်လို့ သိရပါတယ်။

Indian Expressက​ဖော်ပြတဲ့ အဲဒီသတင်းကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြင့်နိုင်ကလည်း သူရဲ့ X (ယခင်အမည် တွစ်တာ)မှာ ပြန်လည်မျှ​ဝေထားတာ​တွေ့ရပါတယ်။

(The New Indian Express တွင်သတင်း​ဖော်ပြထားမှုနှင့် ဘူးသီး​တောင်မြို့ရှိ MSF ရုံး၊​ဆေးခန်းဖျက်ဆီးခံထားရမှု ။ဓါတ်ပုံ-MSF)
(The New Indian Express တွင်သတင်း​ဖော်ပြထားမှုနှင့် ဘူးသီး​တောင်မြို့ရှိ MSF ရုံး၊​ဆေးခန်းဖျက်ဆီးခံထားရမှု ။ဓါတ်ပုံ-MSF)

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်ထဲက လူမျိုး​ရေး ဘာသာ​ရေး အဓိကရုဏ်း ကာလတွေအတွင်း ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ဟိန္ဒူ ၁၀၀ ဝန်းကျင်လောက်ကို သတ်ဖြတ်ခဲ့ဖူးပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်သွားသူတွေကို တွေ့ဆုံ မေးမြန်းတာ အပါအဝင် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အခြားသတင်းတစ်ရပ်မှာ စစ်​ကောင်စီဟာ ရိုဟင်ဂျာလူငယ် တစ်​ထောင်​ကျော်ကို အတင်းအဓမ္မစု​ဆောင်းပြီး စစ်သင်တန်း​ပေးခဲ့တယ်လို့ လူ့အခွင့်အ​​ရေးအဖွဲ့ HRW ကလည်းထုတ်ပြန်လာပါတယ်။

​အာရက္ခတပ်​တော်(AA) ရဲ့သတင်း​တွေ ဦးစား​ပေး​ဖော်ပြ​ပေးသည့်​ဒေသတွင်းသတင်းဌာန Araken Princess Media (APM) ကလည်းဧပြီ ၁၅ရက်တွင် စစ်ကောင်စီမှ စရဖ ဗိုလ်ကြီး ခိုင်လင်းဇော် ဦးဆောင်​သောစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီစစ်သင်တန်း​ပေး​နေသော ရိုဟင်ဂျာ(မူရင်း​ဖော်ပြချက်တွင် မွတ်စလင်ဟု​ဖော်ပြ)များ၊စစ်​ကောင်စီနှင့်နီးစပ်သူများက ဘူးသီးတောင်မြို့နယ်ရှိ နယ်စည်းမခြား ဆရာဝန်များအသင်း(MSF) ၏ ရုံးခန်း​ဆေးခန်းအပါအဝင် ဘူးသီးတောင်မြို့ မှ အမှတ် (၁)ရပ်ကွက်နှင့် အမှတ် (၅ ) ရပ်ကွက်ရှိ​နေအိမ် ၄၀ ​ကျော်ကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း​ဖော်ပြထားသည်။

ထိုအပြင် ဧပြီ ၁၅ ရက်မှာပင်စစ်ကောင်စီတပ် စရဖဗိုလ်ကြီး ခိုင်လင်းဇော်က ဘူးသီးတောင်မြို့​ပေါ်ရှိ ရပ်ကွက်များမှ ရိုဟင်ဂျာများကို အစည်းအဝေးခေါ်ယူ၍ ဘူးသီး​တောင်ရှိစစ်တပ်စခန်းများကို AA ကတိုက်ခိုက်ပါက AAထိန်းချုပ်မှု​အောက်ရှိ စစ်​ဘေး​ရှောင်စခန်းများကို လက်နက်ကြီးဖြင့်ပစ်မည်ဟုခြိမ်း​ခြောက်ခဲ့​ကြောင်းလည်း​သိရသည်။

ထိုအစည်းအဝေးတွင် စစ်ကောင်စီ၏ဘူးသီးတောင်ဗျူဟာမှဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ​ဒေသခံများကို ဘူးသီးတောင်မြို့တွင် AA အလိုမရှိ ၊စစ်ပွဲအလိုမရှိဟု ဆန္ဒပြကြရန် ဖိအား​ပေးထားကြောင်း ​ဖော်ပြထားသည်။

ဘူးသီး​တောင် ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်ကပင်မြို့​ပေါ်ရှိ မြိ့​ပေါ်ရှိအိမ်များ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်များကို ဖောက်ထွင်းဖျက်ဆီး၍ ဂိုဒေါင်ထဲမှရိက္ခာပစ္စည်းများကိုယူဆောင်ခိုင်းခဲ့ခြင်းဖြစ်ပြီး ၎င်းခိုင်းသည့်အတိုင်းစစ်​ကောင်စီတပ်က WFP ဂိုဒေါင်တိကို ဖောက်ထွင်းဖျက်ဆီး လုယက်ခဲ့ခြင်းဖြစ်သည်ဟု APM က​ဖော်ပြသည်။ထိုအချက်အလက်များကို လူထု​နွေဦးကသီးခြားအတည်မပြုနိုင်​သေးဘဲ အတည်ပြုရန်ကြိုးစား​​နေဆဲဖြစ်ပါသည်။

MSF ကလည်း ဘူးသီး​တောင်မြို့ရှိရုံးနှင့်​ဆေးခန်းဖျက်ဆီးခံရမှုနှင့် ​ဆေးဝါးများပါဖျက်ဆီးခံရ​ကြောင်း ဧပြီ ၁၇ တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း၌ မူဆလင်အချို့ (မူရင်းအသုံးအနှုန်းအတိုင်း)အား စစ်သင်တန်းပေးနေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီ ၁၃ရက်တွင် ပြောကြားခဲ့ပြီး စစ်ပွဲကာလဖြစ်၍ လိုအပ်သလို ပြတ်သားစွာ တုံ့ပြန်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဘူးသီးတောင်မြို့တဝိုက် လက်ရှိအခြေအနေကို ဦးခိုင်သုခ၏ တယ်လီဂရမ် ချန်နယ်မှတဆင့် အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ သင်တန်းပေးနေသည့် သူများမှာ “အစွန်းရောက် အကြမ်းဖက်မူဆလင်စစ်သွေးကြွ တချို့” ဖြစ်သည်ဟု ဖော်ပြကာ ခဲ့သည်။

“စစ်သင်တန်းပေး ၊ လက်နက်တွေတပ်ဆင်ပေးနေပါတယ်။ ဒီလက်နက်ကိုင်တွေကို ဘူးသီးတောင်မြို့တွင်းနှင့်ဆက်စပ်ရွာတချို့မှာ တပ်ဖြန့်ချထားပြီးတော့ ရခိုင်မုန်းတီးရေး ညာသံပေး အော်ခိုင်းနေတာတွေရှိပါတယ်။ အခုလိုစစ်ပွဲပြင်းထန်နေတဲ့အချိန်မှာ ARSA နှင့် ARA အကြမ်းဖက်အုပ်စုတွေဟာ စစ်ကောင်စီဆီမှာ သင်တန်းတက်၊ စစ်ကောင်စီကတပ်ဆင်ပေးတဲ့လက်နက်တွေယူ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျနော်တို့ကိုတိုက်ခိုက်နေတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောကြားသည်။

အဆိုပါအခြေအနေသည် အထူးအန္တရာယ်များသည့် စစ်ကောင်စီ၏ နိုင်ငံရေးကစားကွက်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“မူဆလင် စီးပွားရေးသမားတချို့နှင့် ဘာသာရေးခေါင်းဆောင်တချို့ဟာ သူတို့ရဲ့အကျိုးစီးပွားအတွက် စစ်ကောင်စီဖက်ကရပ်တည်ပြီးတော့ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်။ စစ်သွေးကြွတွေကတော့ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားဖို့အခြေအနေရှိပါတယ်။ မူဆလင်တွေအားလုံးစစ်ကောင်စီနှင့်ပူးပေါင်းတာတော့မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ မူဆလင်ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကိုပြောပြီးတော့ သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်” ဟုဦးခိုင်သုခက​ပြောသည်။

AA အနေဖြင့် ယခင် ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟုလည်း ဦးခိုင်သုခကဆိုသည်။

စစ်အုပ်စုသည် ၂၀၁၂ ခုနှစ်တွင်လည်း ရခိုင်ပြည်နယ် ၊​ကျောက်နီ​​မော်တွင် မှုခင်းတစ်ခုကိုအ​ခြေပြု၍ စစ်တပ်​ထောက်ခံ​​သော ဦးဝီရသူ နှင့် ဘာသာ​ရေး၊လူမျိုး​ရေးအစွန်း​ရောက်များကိုအသုံးပြုပြီး ဘာသာ​ရေး၊လူမျိုး​ရေးပြသာနာဖန်တီးခဲ့ပြီး ရိုဟင်ဂျာများ၏ ​နေအိမ်များစွာကိုဖျက်ဆီးပြီး ဒုက္ခသည်စခန်းများ​ရောက်​အောင်ပြုလုပ်ခဲ့သည်။

ထို့အပြင် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၇ သြဂုတ်လတွင်လည်း ရိုဟင်ဂျာ လက်နက်ကိုင်အစွန်း​ရောက်များက စစ်တပ်နယ်ခြား​စောင့်ရဲစခန်းများကို တိုက်ခိုက်​သဖြင့် လက်တုံ့ပြန်သည်ဆိုကာ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်တပ်ပြီး ရိုဟင်​ဂျာ ပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်ကာနေအိမ် ​​ထောင်​သောင်းချီဖျက်ဆီးပြီး ဘဂ်လား​ဒေရှ်နိုင်ငံသို့ ထွက်​ပြေး​အောင်အကြမ်းဖက်ခဲ့သည်။ထို​ကြောင့် ​ရွေး​ကောင်ခံအရပ်သားအစိုးရလည်း နိုင်ငံ​ရေးအကြပ်အတည်းဆိုက်ခဲ့သလို ၊ စစ်​ခေါင်း​ဆောင်များနှင့် နိုင်ငံကို ရိုဟင်ဂျာများအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ICJ တွင်တရားစွဲခံ​နေရဆဲဖြစ်သည်။

AA က ရခိုင်ပြည်နယ်တွင် ထိုးစစ်ဆင်၍ စစ်တပ်စခန်းများ ၊မြို့များကို သိမ်းပိုက်​နေသောအခါ ယခင်က စစ်တပ်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့​သည့်ဆို​သော ARSA ၊ ARA၊RSO စ​သော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များမှာ စစ်အုပ်စုနှင့် နီးကပ်ရင်းနှီး ကာစခန်းအချို့မှာ စစ်စခန်းများနှင့် မနီးမ​ဝေးတွင်တည်​ဆောက်ထား​ကြောင်း AA ထုတ်ပြန်ချက်များအရသိရသည်။ ​မောင်​​တောမြို့နယ် ၊ ​တောင်ပြို (လက်ဝဲ၊လက်ယာ) ရှိ စစ်တပ်နယ်ခြား​စောင့်စခန်းများကို AA က​ယခုနှစ်​ဖေ​ဖော်ဝါရီလဆန်းကက တိုက်ခိုက်သိမ်းပိုက်ရာ စစ်စခန်းများနှငိ့မနီးမ​ဝေးတွင် ARA ၊ RSO စခန်းများကို​တွေ့ရပြီး စစ်တပ်အရာရှိများနှင့်လက်နက်ခဲယမ်းများပင်အ​တူအ​ရောင်းအဝယ်ပြုလုပ်ခဲ့​ကြောင်း AA ကထုတ်ပြန်ထားသည်။

ကိုးကား- The New Indian Express ၊ APM

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။