စက်တင်ဘာ-၂၀၊၂၀၂၆။တေဇ/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။
ဒီကမ်ပိန်းကို စက်တင်ဘာ ၁၉ ကနေ အောက်တိုဘာ ၂၉ အထိပြုလုပ်မှာဖြစ်ပြီးနိုင်ငံအလိုက်သက်ဆိုင်ရာ Fundraiser တွေဆီမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဒီကမ်ပိန်းက ပထမတစ်ကြိမ်တုန်းကလိုပဲ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ရရှိဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Public Service Announcement
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်းမြှင့်တင်ဖို့ ကြိုးနဲ့စွန် ကမ်ပိန်းကို ပထမအကြိမ်ပြုလုပ်ခဲ့ချိန်ကလည်းသတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်အောင်ပါဝင်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း လည်းNUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
“တော်လှန်ပြည်သူများ ပေးအပ်လာသည့် ရန်ပုံငွေများကြောင့် ရန်သူ၏ ဝေဟင်စိုးမိုးမှုကို ကာကွယ်ခြင်း၊တန်ပြန်ခြင်းတို့သာမက အလစ်အငိုက် ထိုးစစ်ဆင်နိုင်သည့် အခြေအနေသို့ပင် ရောက်ခဲ့ပြီ ဖြစ်ကြောင်းကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ဖြစ်ပါသည်။” လို့ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၀ ရက်မှာPDF တွေက FPV ဒရုန်းတွေတံတားဦးလေတပ်ကိုတိုက်ခိုက်ခဲ့ရာ တိုက်လေယာဥ် ၄ စီးထိခိုက်ပြီး ၂ စီးဆိုးဆိုးရွားရွားပျက်စီးပြီး လေကြောင်းရန်ကာကွယ်ရေးတပ်ကဗျူဟာမှုးအပါအဝင်စစ်သား ၅ ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ PDF တွေကထုတ်ပြန်ပါတယ်။
ကြိုးနဲ့စွန် ရဲ့ ပထမတစ်ကြိမ်ကမ်ပိန်းကနေ အမေရိကန်ဒေါ်လာတစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ထောက်ပို့ကူညီပေးခဲ့တယ်လို့ ဩဂုတ် ၂၉ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။



















































