Connect with us

Hi, what are you looking for?

သတင်း

ဒဏ်ရာရစစ်သား​တွေသယ်လာတဲ့ စစ်သင်္ဘောတွေပြန်ဆင်းလာလို့ မြစ်ကမ်းဘေးရွာတွေ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိပြုဖို့တော်လှန်ရေးတပ်တွေတိုက်တွန်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

(ကချင်ပြည်နယ်မှာ ပြန်ဆင်းလာတဲ့ စစ်တပ်တဲ့​ရေယာဥ်အုပ်စုထဲက ​ရေယာဥ်အချို့။ ဓါတ်ပုံ-Wetlet Information Network)

စက်တင်ဘာ-၁၉၊၂၀၂၆။ကတ်သရင်း/ People’s Spring

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

ဗန်းမော်မြို့နဲ့ ​ရွှေကူမြု့ကနေ ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာ အထိနာပြီး ဒဏ်ရာရစစ်သားတွေကိုပြန်သယ်လာတဲ့ စစ်အုပ်စု ရဲ့ စစ်သင်္ဘော​တွေအပါအဝင်သင်္ဘောမျိုးစုံအစီးရေ ၂၀ ခန့်ဟာ စက်တင်ဘာလ၁၉ ရက်နေ့၊နေ့လည်၁၂နာရီ မှာသပိတ်ကျင်းမြို့နယ်အတွင်းက မြစ်ကြောင်းကို ဖြတ်ကာ မန္တလေးမြို့ဘက်ကို ဆက်လက်စုန် နေတယ်လို့ စုံစမ်းသိရပါတယ်။

သပိတ်ကျင်းမြို့ကနေ စဉ့်ကူး၊မတ္တရာမြို့နယ်အနောက် ခြမ်းတို့ကို ဖြတ်သန်းကာ မန္တလေးမြို့၊ဂေါ်ဝိန်‌ ဆိပ်ကမ်းကို ကပ်မယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“လုံခြုံရေး လိုက်လာတဲ့ Mi-35 တစီးပါတယ်လို့သိရတယ်။မနေ့ကမြစ်ကမ်းဘေးစကစ အထိုင်နေရာတချို့အင်အားတိုးတာတွေလည်းရှိတယ်။မြစ်ကမ်းဘေး ပြည်သူ တွေရှောင်သင့်ရင် ခဏကြိုရှောင်တာမျိုး အဆင်သင့်ပြုလုပ်ထားသင့်တယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်အုပ်စုက ဂေါ်ဝိန်ဆိပ်ကမ်းကနေတဆင့် ဗန်းမော်မြို့ကို သြဂုလကုန်ပိုင်းမှာ စစ်ကူနဲ့လက်နက်ခဲယမ်းနဲ့ ရိကာ​တွေပို့ဆောင်ဖို့ကြိုးစားခဲ့တာမှာ KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှု​ကြောင့် စစ်သင်္ဘော​တွေအပါအဝင် သင်္ဘော ၂၀ စီးဝန်းကျင် ပျက်စီခဲ့ပါတယ် ။အရာရှိ​​တွေအပါအဝင် စစ်သားအများအပြားလည်း​သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ပထမစစ်သင်္ဘော အုပ်စုအထိနာတာ​ကြောင့် ထပ်ပို့တဲ့ စစ်သင်္ဘော​တွေလည်း​ရွှေကူမြို့မှာပဲ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။

အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီးစစ်သင်္ဘောတချို့သာ ဗန်း​မော်ကမ်းကပ်နိုင်ခဲ့ပြီး ဗန်း​မော်က​နေ ​ရွှေကူမြို့ကိုပြန်ဆင်းချိန်မှာလည်းတိုက်ခိုက်ခဲ့ရပါတယ် ။ စစ်သင်္ဘော​တွေသာပက သင်္ဘော​တွေလုံခြုံ​ရေးအတွက် စင်ခန်းတံတားနဲ့ ဇင်ဘုံရွာကြားမှာ နယ်​မြေရှင်းဖို့ကြိုးစားတဲ့ စစ်တပ်စစ်​ကြောင်း​တွေကိုလည်း KIA ပူး​ပေါင်းတပ်က တိုက်ခိုက်တာ​ကြောင့် စစ်​ကြောင်းပျက်တယ်အထိတိုက်ခိုက်ခံပြီး ​ခြေကုပ်စခန်းအချို့လည်းဆုံးရှုံးခဲ့ပါတယ်။

ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာ ကြည်း၊​ရေ၊​လေ အသုံးပြု​ပေမယ့် စစ်ရှုံးခဲ့တဲ့စစ်တပ်ကဗန်း​မော်၊ ရွှေကူ၊ ကသာမြို့​တွေက အရပ်သားသင်္ဘော​တွေကိုပါ ​ချောဆွဲပြီးတိုက်ပွဲမှာ ဒဏ်ရာရစစ်သားတွေ ၊ကချင်ပြည်နယ်က​နေ တပ်​ပြောင်းသူ​တွေကိုသယ်​ဆောင်လာပြီး မန္တလေး မြို့ကို ပြန်စုန်လာတာလို့ စုံစမ်းသိရပါတယ်။

အဲဒီစစ်တပ်​ရေယာဥ်အုပ်စုထဲက တွန်းသင်္ဘော​ပေါ်က စက်တင်ဘာ ၁၇ ရက်ကည ၈ နာရီ​ကျော်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် မိုးသား​လေးရွာက မုန့်တီ​ရောင်းတဲ့အိမ်ကိုထိမှန်ပြီး အမျိုးသား ၁ဦး​သေဆုံးပြီး အမျိုးသမီး ၁ ဦး​ခြေ​ထောက်ပြတ်ခဲ့ပါတယ်။ ဒါအပြင် ​​နေအိမ်လည်းမီး​လောင်သွားပြီး ​ဒေသခံ​တွေကဝိုင်းပြီးမီးငြှိမ်းသတ်​ပေးစဥ်စစ်တပ်က လေ​ကြောင်းက​နေ ထပ်မံတိုက်ခိုက်လို့ ပြည်သူ​တွေထပ်မံဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။