Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်ရှိ မော်တော်များပေါ်မှ ခရီးသည်များအပါအဝင် ၁၇ဦးခန့်ကို စစ်ကောင်စီ ဖမ်းဆီး

မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူငယ်၊ လူရွယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေပြီး နေဝင်ပြီဆိုသည်နှင့်တပြိုင်နက် နေအိမ်အတွင်း၌သာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။

(ချင်းတွင်းမြစ်ကမ်းသို့ဆင်းလာသော စစ်ကောင်စီယာဥ်များအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ချင်းတွင်းမြစ်ကမ်းသို့ဆင်းလာသော စစ်ကောင်စီယာဥ်များအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်၌ ဆိုက်ကပ်ထားသော မော်တော်များပေါ်မှ ခရီးသည်များအပါအဝင် ပြည်သူ ၁၇ဦးခန့် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၂၉ရက်)ညပိုင်းက မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်၊ လှည်းဂိတ်အနီးရှိမော်တော်များပေါ်မှ မော်တော်ပိုင်တစ်ဦး၊ ခရီးသည်များအပါအဝင် ၁၇ဦးခန့်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မုံရွာရပ်ကွက်ကင်းထောက်များအဖွဲ့က ပြောသည်။

“မော်တော်ပေါ်ကလူတွေက ခန္တီးတို့ ဟုမ္မလင်းတို့တက်ကြမယ့်လူတွေ။ ကားလမ်းတွေက သွားမရတော့ ရေလမ်းကသွားကြရတာ။ အကုန်အဖမ်းခံရတာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း၊ ယနေ့နံနက်ပိုင်းတွင်မူ လွတ်မြောက်လာသူအချို့ ရှိသော်လည်း အများစုမှာ ဆက်လက်ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့လည်း လှည်းဂိတ်‌အဆင်းက မော်တော် ဆိပ်မှာပဲ မနက်ကတည်းက အိမ်စီးကား သုံးစီးလာပြီး တစ်နေ့လုံးစောင့်ကြည့်စစ်ချင်တဲ့သူစစ်နေတယ်။ တာရိုးအောက် ကမ်းနားထိဆင်းစောင့်နေကြတာ။ ညနေ ၅ နာရီအထိတော့ အဖမ်းအဆီးမရှိသေးဘူး။”ဟု မုံရွာရပ်ကွက်ကင်းထောက်များအဖွဲ့က ပြောသည်။

ဖမ်းဆီးခံရသည့် ပြည်သူများ၏ အသေးစိတ်အချက်အလက်များအား မသိရသေးပေ။

မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူငယ်၊ လူရွယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေပြီး နေဝင်ပြီဆိုသည်နှင့်တပြိုင်နက် နေအိမ်အတွင်း၌သာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။

မုံရွာမြို့နယ်သည် တော်လှန်ရေးအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်း​ဆီး၊နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျ​က်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။