Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ သြစတြေးလျရောက်မြန်မာတွေ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - NUG Support Group-NSW

စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People’s Spring

သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကိုNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ဩစတြေးလျ အထက်လွှတ်တော်အမတ် David Shoebridge နဲ့ Jessica Collinsတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက “Our US Ambassador H.E. Kyaw Moe Tun, True Voice of Myanmar” ၊ “Our Ambassador Myanmar’s Voice” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂအထွေထွေညီလာခံမှာဆက်လက်အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေကဆန္ဒထုတ်ဖော်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယဘူတာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ကုလသမဂ္ဂမှာ ‌သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ခံကြောင်းပြသတဲ့ Our Ambassador - Our Voice လှုပ်ရှားမှု စာမျက်နှာကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ထားတယ်လို့ People Movement Platform-Myanmar က အသိပေးထားပါတယ်။