Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက် တစ်ခုရှိနေလို့ တရုတ်မှာ လျှပ်စစ်စွမ်းအင်သုံး ကား ၁၈၀၀၀၀ ကျော်ကို BYD ပြန်ခေါ်ယူ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။

ဓာတ်ပုံ - CnEVPost

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။

BYDရဲ့ အဆိုအရ ၂၀၁၄ ကနေ ၂၀၂၂ အတွင်း ထုတ်လုပ်ထားတဲ့ Qinနဲ့ Tang စီးရီး လောင်စာနဲ့ လျှပ်စစ် နှစ်မျိုးသုံး (Hybrid)နဲ့ လျှပ်စစ်သီးသန့်သုံး (EV) ကား ၁၈၃၂၁၁ စီးဟာ ဘရိတ်နင်းတဲ့အချိန် အချက်ပြမီး စနစ်မှာ ပြဿနာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဘရိတ်ခြေနင်းကို ထိန်းညှိပေးတဲ့ အောက်ခံခံ တစ်ခုမှာ အက်ကွဲတာတွေ၊ လျော့ရဲတာတွေ ဖြစ်နိုင်တာကြောင့် အစားထိုး ပြင်ဆင်ပေးမယ်လို့ BYDက ဆိုပါတယ်။

အဲဒီ ချွတ်ယွင်းချက်ကြောင့် ဘရိတ်ခြေနင်းကို ပြန်လွှတ်ပြီး ဘရိတ်နင်းမထားတဲ့ အချိန်မှာတောင် ကားနောက်ဖက် ဘရိတ်မီးက ဆက်လင်းနေနိုင်ပြီး တခြားကားတွေအတွက် နားလည်မှု လွဲစေနိုင်တဲ့ အန္တရာယ်မျိုး ရှိနေကြောင်း သိရပါတယ်။

BYDက တရားဝင် အရောင်းဆိုင်တွေမှာ အဲဒီ အစိတ်အပိုင်းတွေကို အခမဲ့ ပြန်လည်လဲလှယ် တပ်ဆင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် တရုတ် လျှပ်စစ်ကား ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Nioကလည်း Firefly လျှပ်စစ်ကား ၆၈၆ စီးမှာ စတီယာရင်စနင် ချွတ်ယွင်းချက်တစ်ခု ပါသွားလို့ လာရောက်ပြင်ဆင်ကြဖို့ ကားပိုင်ရှင်တွေဆီကို အကြောင်းကြားထားပါတယ်။

အဲဒီပြင်ဆင်မှု မလုပ်ဘူးဆိုရင် ကားတွေရဲ့ ပါဝါစတီယာရင်စနစ်ကို ရုတ်တရက် ဆုံးရှုံးပြီး စတီယာရင် လှည့်ရတာ အရမ်းလေးသွားတာမျိုး ကြုံနိုင်ကြောင်း Nioက ပြောပါတယ်။ Nioကလည်း အဲဒီ ပြဿနာအတွက် အခမဲ့ ပြင်ဆင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

BYDနဲ့ Nioတို့ရဲ့ ကားတွေမှာ အခုလို ချွတ်ယွင်းချက်တွေ ရှိနေတာဟာ ပြည်တွင်းအတွက် ထုတ်လုပ်တဲ့ မော်ဒယ်တွေမှာပဲလား၊ တခြားနိုင်ငံတွေဆီ တင်ပို့ရောင်းချတဲ့ ကားတွေမှာရော ပြဿနာ ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ