Connect with us

Hi, what are you looking for?

ဆောင်းပါး

ရှီကျင့်ဖျင် ကျန်းမာရေးဆိုးရွားနေပြီလား

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

ဓာတ်ပုံ-Getty

ဥဂ္ဂါ ရေးသားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်ဟာအိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ ၂၀၂၆ ခုနှစ်၊စက်တင်ဘာလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် ဘရစ်ခ်စ် (BRICS) ထိပ်သီးအစည်းအဝေးကနေ ပြန်လည်ရောက်ရှိခဲ့ရပြီးနောက်ပေကျင်းမြို့ အမှတ် ၃၀၁ တပ်မတော်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတယ်ဆိုတဲ့ သတင်း၊ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ အလွန်ဆိုးရွားနေပြီဆိုတဲ့ သတင်းဟာ အင်တာနက် လူမှုကွန်ရက်တွေမှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပါတယ်။

ဒီလို ဟိုးလေးတကျော်ကျော် ဖြစ်သွားရခြင်းဟာ တရုတ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဝမ်ဂျွန်ရှီး (Wanjun Xie) ရဲ့ လူမှုကွန်ရက် X/Twitter စာမျက်နှာပေါ်မှရေးသားချက်တွေကနေစတင်ခဲ့တာ ဖြစ်ပါတယ်။

ဝမ်ဂျွန်ရှီးရဲ့ ရေးသားချက်အရ ရှီကျင့်ဖျင် နယူးဒေလီမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးကနေ ပေကျင်းမြို့ လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်မှာ စစ်တပ်ဟယ်လီကော်ပတာတစ်စီးနဲ့ လေယာဉ်ပေါ်ကနေ တိုက်ရိုက်ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး အရေးပေါ် ကုသမှုခံယူဖို့ အမှတ် ၃၀၁ ဆေးရုံကြီးဆီအမြန်ဆုံးပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမှန်တော့ဝမ်ဂျွန်ရှီးဟာအမေရိကန်မှာ အခြေစိုက်ပြီး တရုတ်အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ဦး ဖြစ်သလို၊ အခြားတစ်ဖက်မှာလည်း ပေကျင်းအာဏာပိုင်တွေဘက်က ဒီလို ဆေးရုံတင်ထားရတယ်ဆိုတဲ့ အချက်အလက်နဲ့ ပတ်သက်လို့ တရားဝင် အတည်ပြုထုတ်ပြန်ထားတာ မရှိသေးတာကြောင့် ဒီလို စွပ်စွဲချက်တွေကို လုံးဝဥဿုံမယုံကြည်ဘဲ ချင့်ချိန်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရှီကျင့်ဖျင် ပေကျင်းလေဆိပ်ဆီ ပြန်လည်ရောက်ရှိချိန်မှာ ပုံမှန်ပြုလုပ်လေ့ရှိတဲ့အကြီးအကဲများစွာပါဝင်တဲ့ခန်းနားထည်ဝါသည့် ကြိုဆိုပွဲ အခမ်းအနားများ၊ အခြံအရံ ယာဉ်တန်းကြီးများနှင့် လမ်းများပိတ်ဆို့ရှင်းလင်းပစ်လေ့ရှိသည့် အစီအစဉ်များ လုံးဝမရှိဘဲ ပျောက်ကွယ်နေခြင်းက အဆိုပါ သတင်းလွင့်ပျံ့မှုများကို ပိုမို အရှိန်ရစေခဲ့တာ ဖြစ်ပါတယ်။

အခြေအနေတွေကို နယူးဒေလီမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်ကြည့်ရင် ပိုပြီးတော့တောင် စိတ်ဝင်စားစရာကောင်းပါတယ်။ဘရစ်ခ်စ် ထိပ်သီးအစည်းအဝေးမိန့်ခွန်းပြောကြားနေစဉ် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီဟာ ရှီကျင့်ဖျင် သက်တောင့်သက်သာမရှိဘဲ အဆင်မပြေ ဖြစ်နေတာကို သတိပြုမိသွားပုံရပြီး သူ့ရဲ့ မိန့်ခွန်းကို ခဏရပ်တန့်ခဲ့ပါတယ်။

မိုဒီဟာ တရုတ်သမ္မတရဲ့ စကားပြန်ဆီ လှည့်ကြည့်ကာ “အဆင်ပြေရဲ့လား” လို့ မေးမြန်းခဲ့သလို၊ အဲဒီမေးခွန်းကိုပဲ ဒုတိယအကြိမ် ထပ်မံမေး

မြန်းခဲ့ပါတယ်။ ရှီကျင့်ဖျင်က ခေါင်းငြိမ့်ပြပြီးနောက်မှသာ ဝန်ကြီးချုပ် မိုဒီက မိန့်ခွန်းကို ဆက်လက်ပြောကြားခဲ့တာပါ။

အဲဒီ ရုပ်သံဖိုင်တိုကို ပြန်ကြည့်လိုက်ရအောင်။”

(ရုပ်သံဖိုင်ထဲမှ ဝန်ကြီးချုပ် မိုဒီ -)

“အဆင်ပြေရဲ့လား…”

“အဆင်ပြေရဲ့လား…”

“အဆင်ပြေပါတယ်…”

“မင်္ဂလာပါ…”

သတင်းတင်ဆက်သူ –

ဒီအ​ပေါ်မှာ အချက်အလက်စစ်​ဆေးတဲ့သတင်းဌာနအချို့က​တော့ ရှီကျင့်ဖျင်ရဲ့ ဘာသာပြန်စက်​အလုပ် လုပ်၊မလုပ် မိုဒီက ရှီကျင့်ဖျင်ကို မေးမြန်းတာပဲဖြစ်တယ်လို့ ဖော်ပြကြတာလည်းရှိပါတယ် ။

ဒါပေမယ့် အဲဒီနေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မိုဒီရဲ့ ဂုဏ်ပြုညစာစားပွဲကိုလည်း ရှီကျင့်ဖျင်တက်ရောက်ခဲ့တာမရှိပါဘူး။

ဒီလို စက္ကန့်ပိုင်းမျှသာကြာတဲ့ ရုပ်သံဖိုင်၊ ညစာစားပွဲ ပျက်ကွက်ခဲ့တာနဲ့ စစ်တပ်ဟယ်လီကော်ပတာ အသုံးပြုခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ပြောဆိုချက်တွေ ပေါင်းစပ်လာတာကြောင့် ရှီကျင့်ဖျင်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သို့သော် လက်ရှိအချိန်အထိ အဆိုပါပြောဆိုချက်တွေကို တရုတ်အစိုးရဘက်က အတည်ပြုထားခြင်း မရှိသေးသလို၊ သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တွေလည်း မတွေ့ရသေးပါဘူး။

ကိုးကား-The Times of India

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။