Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလမှာ ဆက်တာဝန်ထမ်းဆောင်ရေး ရွှေဘိုနဲ့ ဆားလင်းကြီးမှာ လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၁၂) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွှေဘိုသပိတ်အင်အားစု၊ ဆားလင်းကြီးသပိတ်

အောက်တိုဘာ ၁၂၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၁၂) ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့ပေါ်မှာ “Our Ambassador, Our Voice, Our Representative, ငါတို့သံအမတ် ငါတို့အသံ” ဆိုတဲ့ ဗီနိုင်းကို ချိတ်ဆွဲကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံ​​​​ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို SPDF၊ တိုက်နယ် ပကဖ လက်ရုံးတပ်ခွဲနဲ့ မြို့ပေါ် ပအဖအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့လုပ်ဆောင်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင် ရဲဘော်တွေက (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာ ရရေးအတွက် Billboard တွေ စိုက်ထူပြီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ စင်မြင့်ထက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိနေမှသာ မြန်မာပြည်သူလူထု ကြုံတွေ့ခံစားနေရတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို အမှန်တရားအတိုင်း ကမ္ဘာက သိမြင်ခွင့်ရမှာ ဖြစ်ကြောင်း ရွှေဘိုသပိတ်အင်အားစုက ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာပြည်သူလူထုရဲ့ အသံကို ထင်ဟပ်ဖော်ပြနိုင်ဖို့မြန်မာပြည်သူလူထုဘက်က ရပ်တည်ပေးခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဆက်လက် ကိုယ်စားပြုခွင့်ရဖို့ အရေးကြီးတယ်လို့လည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ကူညီဆောင်ရွက်မှုများနဲ့ ထောက်ခံကူညီပေးဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ​သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူတွေနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ရှိရေး ထောက်ခံပွဲ ဒီကနေ့ (စက်တင်ဘာ ၇) က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီကနေ့ (အောက်တိုဘာ ၂) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

Facebook