အောက်တိုဘာ ၁၃၊ ၂၀၂၆/People’s Spring
ကုလသမဂ္ဂအထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံရဲ့ တရားဝင် သံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက ဦးဆောင်ပြီး ကျေးရွာပြည်သူတွေထံ လက်ကမ်းစာစောင်တွေ လှည့်လည်ဖြန့်ဝေခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ဒီကနေ့မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂမှာ ပြည်သူ့ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် ပြည်သူတွေပါဝင်ထောက်ခံကြဖို့နဲ့ နိုင်ငံတကာသို့ ပြည်သူ့အသံ ရောက်ရှိစေဖို့ ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လှုပ်ရှားမှုအတွင်း သပိတ်ကော်မတီဝင်တွေက မြစ်ကမ်းဘေးကျေးရွာတွေရှိ ပြည်သူတွေထံ လက်ကမ်းစာစောင်တွေ ပေးအပ်ခဲ့ကြသလို၊ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရေးဆိုင်ရာ အသိပညာပေး စကားတွေကိုလည်း ပြောကြားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement
သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြုထားရှိရေး ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေက အရှိန်အဟုန်မြှင့် တောင်းဆိုလှုပ်ရှားနေကြပါတယ်။



















































