သတင်း ပခုက္ကူကထွက်ခွာလာတဲ့ စစ်ယာဉ်တန်းကြောင့် ပေါက်မြို့နယ်က ဒေသခံ ၇,၀၀၀ခန့် တိမ်းရှောင် မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)က ထွက်ခွာလာတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကြောင့် ပေါက်မြို့နယ်အတွင်းက ပြည်သူ ၇၀၀၀ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းနေရကြောင်း ဒေသခံများက ပြောပါတယ်။ LuduNwayOoမတ် 15, 2026
သတင်း ပခုက္ကူ တပ်မ(၁၀၁)ကို စစ်တပ် အင်အားဖြည့်နေ၊ လမ်းပိုင်းသုံးခုရှိ ခရီးသွားတွေနဲ့ ဒေသခံတွေ သတိပြုဖို့ မကွေးတိုင်း ပကဖ သတိပေး မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) အတွင်းကို စစ်ကောင်စီတပ်တွေ ထပ်မံရောက်ရှိလာပြီး စစ်ကြောင်းထိုးလာနိုင်တဲ့ အခြေအနေရှိတာကြောင့် လမ်းပိုင်းသုံးခုရှိ ခရီးသွားတွေနဲ့ ဒေသခံပြည်သူတွေ အထူးသတိပြုကြဖို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးချက် ထုတ်ပြန်ပါတယ်။ ludunwayooမတ် 7, 2026
သတင်း ပခုက္ကူမြို့အနီးမှာ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်မှုရှိဟု PDFပြော မကွေးတိုင်း၊ ပခုက္ကူမြို့အနီးမှာ စစ်တပ်ကိုတိုက်ခိုက်ရာ ငါးဦးထိခိုက်သေဆုံးပြီး လက်နက် တစ်လက်သိမ်းရတယ်လို့ ပခုက္ကူခရိုင် Localတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ LuduNwayOoဇန်နဝါရီ 24, 2026
သတင်း ပခုက္ကူမှာ ရွေးကောက်ပွဲအတွက် စစ်တပ်က လုံခြုံရေးတိုးမြှင့် မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲအတွက် မြို့အဝင်၊မြို့အထွက် လုံခြုံရေး တိုးမြှင့်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း ပခုက္ကူလဝကရုံးမှာ ပျူရွာတွေကမဟုတ်ရင် မှတ်ပုံတင်လုပ်မပေး မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ ကျေးရွာတွေက မှတ်ပုံတင်လာလုပ်သူတွေကို ပျူစောထီးရွာတွေကမဟုတ်ရင် လုပ်မပေးကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 28, 2025
သတင်း ပခုက္ကူနဲ့ ကမ္မကြား စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ရွာထက်မနည်း တိမ်းရှောင်နေရ၊ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာရ မကွေးတိုင်း၊ပခုက္ကူနဲ့ကမ္မမြို့နယ်ကြားမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာတွေရရှိထားပါတယ်။ ludunwayooအောက်တိုဘာ 27, 2025
သတင်း ပခုက္ကူနဲ့မြိုင်အစပ်ကို စစ်တပ်က စက်တပ် လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူ ၂ဦး သေဆုံး မကွေးတိုင်း၊ မြိုင်နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က ကျေးရွာတရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနဲ့ ဗုံးလာကြဲလို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 26, 2025
သတင်း ပခုက္ကူမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 17, 2025
သတင်း ဧရာဝတီမြစ်ကမ်းပါးပြိုလို့ ပခုက္ကူ ရွာနှစ်ရွာက အဆောက်အအုံ ၃၀ ကျော် အရေးပေါ်ရွှေ့ပြောင်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ရွာနှစ်ရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေအပါအဝင်နေအိမ် ၃၀ ကျော်အရေးပေါ်ဖျက်ပြီး ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 25, 2025