Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ တပ်မ(၁၀၁)ကို စစ်တပ် အင်အားဖြည့်နေ၊ လမ်းပိုင်းသုံးခုရှိ ခရီးသွားတွေနဲ့ ဒေသခံတွေ သတိပြုဖို့ မကွေးတိုင်း ပကဖ သတိပေး

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) အတွင်းကို စစ်ကောင်စီတပ်တွေ ထပ်မံရောက်ရှိလာပြီး စစ်ကြောင်းထိုးလာနိုင်တဲ့ အခြေအနေရှိတာကြောင့် လမ်းပိုင်းသုံးခုရှိ ခရီးသွားတွေနဲ့ ဒေသခံပြည်သူတွေ အထူးသတိပြုကြဖို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးချက် ထုတ်ပြန်ပါတယ်။

မတ်-၇၊ ၂၀၂၆။ဇေအောင်၊မိုမို/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) အတွင်းကို စစ်ကောင်စီတပ်တွေ ထပ်မံရောက်ရှိလာပြီး စစ်ကြောင်းထိုးလာနိုင်တဲ့ အခြေအနေရှိတာကြောင့် လမ်းပိုင်းသုံးခုရှိ ခရီးသွားတွေနဲ့ ဒေသခံပြည်သူတွေ အထူးသတိပြုကြဖို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးချက် ထုတ်ပြန်ပါတယ်။

မတ်လ ၆ ရက် မနေ့က ထုတ်ပြန်လိုက်တဲ့ အဲဒီသတိပေးချက်အရ ဆိပ်ဖြူမြို့နဲ့ မိတ္ထီလာဘက်ကနေလာတဲ့ စစ်ကောင်စီအင်အားတွေဟာ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)နဲ့ လက်အောက်ခံတပ်ရင်းတွေမှာ ရောက်ရှိနေကြောင်း မကွေးတိုင်းပကဖက အသိပေးပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ပခုက္ကူမြို့ကတဆင့် ပခုက္ကူ-ရေစကြို လမ်းပိုင်း၊ ပခုက္ကူ-မြိုင် လမ်းပိုင်း၊ ပခုက္ကူ-ပေါက် လမ်းပိုင်းတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ မြေပြင်နဲ့ ဝေဟင် အန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မကွေးတိုင်း ပကဖ က တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး ထိုးလာမယ့် လမ်းကြောင်း သေချာတာနဲ့ ထပ်မံအသိပေးမယ်လို့ မကွေးတိုင်းပကဖအဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။

ဆိပ်ဖြူ နဲ့ မိတ္ထီလာ မြို့နယ်ကနေ စစ်ကောင်စီတပ်သား ၇၀၀ ဝန်းကျင် တပ်မ ၁၀၁ ကို ရောက်လာတယ်လို့ မကွေးတိုင်း ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ဟာ မကွေးတိုင်းထဲကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကစလို့ ပိုမိုဖြန့်ကျက်လာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

ရေစကြိုမြို့နယ်မှာလည်း ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေက စစ်ကြောင်းထိုးတာရှိတယ်လို့ ရေစကြို ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူ တပ်မ (၁၀၁)က ရိက္ခာတင်ကားအစီး ၁၀၀နီးပါးဟာ ပေါက်မြို့နယ် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)ကို ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို သိရပါတယ်။

ပေါက်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေမှာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကစလို့ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးပြီး အရပ်သားတွေကို သတ်ဖြတ်တာနဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။