Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူကထွက်ခွာလာတဲ့ စစ်ယာဉ်တန်းကြောင့် ပေါက်မြို့နယ်က ဒေသခံ ၇,၀၀၀ခန့် တိမ်းရှောင်

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)က ထွက်ခွာလာတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကြောင့် ပေါက်မြို့နယ်အတွင်းက ပြည်သူ ၇၀၀၀ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းနေရကြောင်း ဒေသခံများက ပြောပါတယ်။

(တိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-ပေါက်လူသားစာနာဌာန)

​ မတ် ၁၃၊ ၂၀၂၆ ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)က ထွက်ခွာလာတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကြောင့် ပေါက်မြို့နယ်အတွင်းက ပြည်သူ ၇၀၀၀ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းနေရကြောင်း ဒေသခံများက ပြောပါတယ်။

မတ်လ ၉ ရက်က ပခုက္ကူမြို့ကစတင်ထွက်ခွာလာတဲ့ ယာဉ်အစီးရေ ၁၅၀ ကျော်ပါတဲ့ စစ်တပ် ရိက္ခာတင်ယာဥ်တန်းဟာ ပေါက်-ဆိပ်ဖြူလမ်းပိုင်းကနေ ကပစ (၂၄)လက်နက်စက်ရုံသို့ ဦးတည်သွားနေကြောင်း၊ ရှေ့ပြေးစစ်ကြောင်းတွေနဲ့ လုံခြုံရေးယူလာတဲ့ အဆိုပါယာဉ်တန်းဟာ မတ်လ ၁၁ ရက်မှာ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာမှာ ညအိပ်ရပ်နားခဲ့ပြီး ဒီကနေ့ အချိန်အထိ စစ်ကြောင်း (၃)ကြောင်းနဲ့ ဖြန့်ကျက်လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများက ပြောပါတယ်။

“ရေပြာ၊ မြင်းခြံကုန်း ရှောင်နေပြီ။ ကပစ(၂၄)ကို မနက်ဖြန်လောက်မှာ ထွက်မယ်ထင်တယ်။ ချက်ကန်နားကနေပြီးတော့ စစ်ကြောင်း သုံးကြောင်း ခွဲထွက်တာပြောတယ်”လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ယာဉ်တန်းများကြောင့် လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာတွေက အိမ်ထောင်စု (၁,၂၀၀)ကျော်၊ လူဦးရေ (၇,၀၀၀)ခန့်မှာ နေအိမ်တွေကို စွန့်ခွာကာ နီးစပ်ရာ တောတောင်များသို့ ယာယီစစ်ဘေးရှောင်နေရကြောင်း

ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်နေရသူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်ရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ပေါက်-ဆိပ်ဖြူ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများအနေနဲ့လေကြောင်းရန်နဲ့ လက်နက်ကြီးရန်အတွက် အထူးသတိပြုကြဖို့၊ စစ်ကြောင်းသတင်းများကို အချိန်နဲ့တစ်ပြေးညီ နားစွင့်နေကြဖို့နဲ့ စစ်ဘေးရှောင်တိမ်းဖို့ လိုအပ်လာပါက စားနပ်ရိက္ခာနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင် သိမ်းဆည်းထားကြဖို့ ပေါက်မြို့နယ် လူသားစာနာဌာနက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။