Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ သံဘောင်များဖြုတ်ခိုးခံရတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေ လေပြင်းကြောင့်ကျိုးကျ၊ တစ်မြို့နယ်လုံး ရက်ရှည်မီးပြတ်နိုင်

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကို ဆက်သွယ်ထားတဲ့ မဟာဓာတ်အားလိုင်းတာဝါတိုင်တွေက သံဘောင်တွေ ဖြုတ်ခိုးခံထားရမှုကြောင့် လေပြင်းတိုက်ခတ်ချိန်မှာ တိုင်တွေကျိုးကျပျက်စီးခဲ့ပြီး တစ်မြို့နယ်လုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရပါတယ်။

​ဧပြီ−၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကို ဆက်သွယ်ထားတဲ့ မဟာဓာတ်အားလိုင်းတာဝါတိုင်တွေက သံဘောင်တွေ ဖြုတ်ခိုးခံထားရမှုကြောင့် လေပြင်းတိုက်ခတ်ချိန်မှာ တိုင်တွေကျိုးကျပျက်စီးခဲ့ပြီး တစ်မြို့နယ်လုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရပါတယ်။

မနေ့က ဧပြီ ၆ ရက် ည ၁၀နာရီခန့်က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးဓာတ်အားခွဲရုံနဲ့ ပခုက္ကူမြို့နယ် ဗုဒ္ဓကုန်းဓာတ်အားခွဲရုံကို ဆက်သွယ်ထားတဲ့ မဟာဓာတ်အားလိုင်းက တာဝါတိုင်နှစ်တိုင် လေပြင်းကြောင့် ကျိုးကျပျက်စီးသွားလို့ တစ်နယ်လုံး ဓာတ်အားပြတ်တောက်သွားတာ​ဖြစ်ကြောင်း ပခုက္ကူလျှပ်စစ်အင်ဂျင်နီယာရုံး (PKU ESE)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ဖြစ်ရသည့် အ‌ကြောင်းရင်း တာဝါတိုင်၏ သံဘောင်များ ဖြုတ်ခိုးခံရပြီး ဧပြီ ၆ ရက်နေ့ညတွင် လေကြမ်းသွားသောကြောင့် ကျိုးကျရခြင်းဖြစ်ပါသည်”လို့ ပခုက္ကူလျှပ်စစ်အင်ဂျင်နီယာရုံးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

​လက်ရှိမှာ မဟာဓာတ်အားလိုင်းက ကျိုးကျသွားတဲ့ တာဝါတိုင်တွေကို ပြင်ဆင်ဖို့လုပ်နေပြီး ၄ ရက်ကနေ ၅ ရက်ခန့် အထိ ကြာနိုင်တယ်လို့ အင်ဂျင်နီယာတွေက ဆိုပါတယ်။

​ယခုလို အပူရှိန်ပြင်းထန်တဲ့ ကာလမှာရက်ရှည်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒေသခံတွေဟာ ရေရရှိရေးနဲ့ အခြားလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

“မြန်မှရမှပဲ။ ဆီကလိုသလောက်မဝယ်ရနဲ့ ရေဒုက္ခရောက်မှာ”လို့ ပခုက္ကူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄နဲ့ ၂၀၂၅အတွင်းကလည်း ယင်းဓာတ်အားလိုင်းနေရာအချို့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးထိပြီး လျှပ်စစ်မီးရက်အတန်ကြာ ပြတ်တောက်ခဲ့ဖူးပါတယ်။

(ကျိုးကျသွားတဲ့တာဝါတိုင်တစ်တိုင်ကို တွေ့ရစဥ်။ ဓာတ်ပုံ − KMT/Fb)

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။