Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့အနီးမှာ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်မှုရှိဟု PDFပြော

မကွေးတိုင်း၊ ပခုက္ကူမြို့အနီးမှာ စစ်တပ်ကိုတိုက်ခိုက်ရာ ငါးဦးထိခိုက်သေဆုံးပြီး လက်နက် တစ်လက်သိမ်းရတယ်လို့ ပခုက္ကူခရိုင် Localတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ကို တွေ့ရစဉ်။ ဓာတ်ပုံ − Earthquake People’s Defence Force

မတ်−၃၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့အနီးမှာ စစ်တပ်ကိုတိုက်ခိုက်ရာ ငါးဦးထိခိုက်သေဆုံးပြီး လက်နက် တစ်လက်သိမ်းရတယ်လို့ ပခုက္ကူခရိုင် Localတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မနေ့က(မတ်လ ၂ ရက်)မှာ ကိုးပင်ကျေးရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၊ ၂ဦးထိခိုက်ကာ MA 3 သေနတ်တစ်လက် သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ စစ်တပ်က ရှောင်တခင် စစ်တဲ့နေရာပေါ့။မနက်ခင်းမြို့ထဲကနေ ထွက်ပြီး ညနေပြန်တာမျိုးလုပ်တာပေါ့။ရှောင်တခင်ဝင်ဝင်ပြီး စစ်တာ။မနေ့က ကားသုံးစီးနဲ့ အင်အား ၃၀ဝန်းကျင်လောက်ပါတယ်” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ ပခုက္ကူမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းတွေ လှုပ်ရှားမှုရှိပြီး ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) ရိက္ခာတင်ယာဉ်အုပ်စုဟာ ကပစ(၂၄)ကို ထွက်ခွာဖို့ ပြင်ဆင်နေတာလို့ သူက အသိပေးပါတယ်။

ဒါကြောင့် မြေပြင်စစ်ကြောင်းနဲ့ အတူ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်တဲ့အတွက် အထူးသတိထားနေကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရိက္ခာယာဥ်တန်းဖြတ်သန်းတိုင်း ပခုက္ကူခရိုင်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ ကျေးရွာတွေမီးရှို့ပြီး ပြည်သူတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးမှာတိုက်ပွဲပြင်းထန်​နေဆဲ၊စစ်တပ်​ရှေ့မတိုးနိုင်

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်က ရေရှင်ရွာနဲ့ကြောင်ဆင်းအိုင်ကျေးရွာကြားက စစ်ဘေးရှောင်တွေနေထိုင်ရာနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦးခန့် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

သတင်း

ကွတ်ခိုင်မြို့နယ်နဲ့ပတ်ဝန်းကျင်နေရာတွေမှာMNDAA နဲ့ TNLA တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်တပ်ရဲ့ဂျက်ဖ်ိုက်တာတွေနဲ့ ကင်းထောက်လေယာဉ်တွေ ပျံသန်းနေပါတယ်။