Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို PLAတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ တွေ့ရတဲ့ PLA ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PLA

မတ်-၁၆၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တာဝန်ရှိသူက ပြောပါတယ်။

မနေ့က (မတ်လ ၁၅ ရက်)မနက်ပိုင်းက ပခုက္ကူမြို့နယ်အနောက်ခြမ်း ကန်တော်ကျေးရွာကနေ ညောင်ဂျစ်ပင်ကျေးရွာကို ထွက်လာတဲ့ အင်အား ၇၀ခန့်ပါစစ်ကြောင်းကို တိုက်ခဲ့တာလို့ ဆိုပါတယ်။

၄နာရီနီးပါးကြာမြင့်တဲ့ အဲဒီတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ (MGYPDF၊ ကမ္မတပ်ပေါင်းစု၊ Pakokku Column)တို့က ကြားဖြတ်တိုက်ခိုက်မှုကနေ စစ်တပ် စစ်ကြောင်းဟာ ကန်တော်ကျေးရွာကို ဆုတ်ခွာသွားခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၅ဦးသေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိမူကို စိစစ်ဆဲလို့ PLAက ဆိုပါတယ်။

တိုက်ပွဲပြီးရှင်းလင်းရေးလုပ်ခဲ့ရာ စစ်တပ်စစ်ကြောင်းကနေ လက်နက်ခဲယမ်းအနည်းငယ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနဲ့ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းတွေကို လှည့်လည်သွားလာနေတဲ့စစ်ကြောင်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook