Connect with us

Hi, what are you looking for?

All posts tagged "ဖားကန့်"

သတင်း

ဖားကန့်မြို့နယ်၊ခွန်ဆာကုန်းတွင်ယနေ့ည ၉နာရီ၁၀ မိနစ်တွင် ပြင်းထန်သည့် ​ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီ အဆောက်အအုံအချို့မီးလောင်နေကာ ​ဒေသခံပြည်သူအချို့ ပိတ်မိနေသည်။

သတင်း

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း နှစ်ခုထွက်လာ​သော​ကြောင့်ယနေ့ နံနက်ပိုင်းတွင်မဇွမ်ယာန်ရွာအနီး၌ စစ်ကောင်စီနှင့် KIA၊KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေသည်။

သတင်း

ဇွန်-၄၊၂၀၂၅။ထားမြတ်/People’s Spring ကချင်ပြည်နယ်ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်သို့ လူလာခေါ်သည့် စစ်တပ်ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ် တဦးက ပြောကြားသည်။ ဇွန်လ ၄ရက်နေ့လည်ပိုင်းက ဖားကန့် တပ်မကုန်းသို့ ရဟတ်ယာဉ် ၁ စီး ဆင်းသက်သက်ရန် အခြား ရဟတ်ယာဉ် ၁ စီးဖြင့်...

သတင်း

ဇွန်-၄၊၂၀၂၅။ ယောနသံ/People’s Spring စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ ပြင်းထန်သောပေါက်ကွဲမှုဖြစ်ခဲ့သည့်ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အနီးရှိ အခြားလုပ်ကွက်တစ်ခုကိုစစ်ကောင်စီက ဇွန် ၄ ရက်တွင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။ ယနေ့ ဇွန်လ ၄ရက် နံနက်အစောပိုင်း၌ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် နေ့လယ် ၁နာရီခန့်တွင် မြဥယာဥ်ကုမ္ပဏီအတွင်းသို့ ဝင်၍ မီးရှို့နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။...

သတင်း

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့တပ်စွဲထားသည့် နေရာများမှ ထွက်လာ၍ ဒေသခံများ ပြင်ပသို့ မထွက်ဘဲ နေအိမ်များအတွင်း နေထိုင်ကြရန် KIA၊KPDF က သတိပေးကြောင်း သိရသည်။

သတင်း

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦး သေဆုံးသွားပြီး စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေကြောင်း ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ - Kachin Human Rights Watch (KHRW)ကထုတ်ပြန်သည်။

သတင်း

ဖားကန့်မြို့နယ်၊ လုံးခင်းဒေသသို့ ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊PDF ပူးပေါင်းတပ်သည် ယနေ့(မေလ ၂၈ရက်) နံနက် ၈နာရီ၁၀မိနစ်ခန့်မှစ၍ ​နေရာ သုံးနေရာထက်မနည်း၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည်။

သတင်း

ကာမိုင်း-ဖားကန့်လမ်းအတိုင်းအင်အား၆၀၀ ခန့်ဖြင့် ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် လမ်းတလျှာက် KIA ၊KPDF ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် လုံးခင်းသို့ ဝင်လာချိန်တွင် အင်အား ၁၀၀ခန့်သာ ရှိတော့ပြီး လက်ရှိအခြေအနေအရ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

Facebook