Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ​မှောစီစာရွာအနီးတိုက်ပွဲ စစ်တပ်မှအရာရှိအပါအဝင်သေဆုံးထိခိုက်များဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာအနီး ယနေ့တိုက်ပွဲဖြစ်ပွာ​နေရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီးသေဆုံးသူများထဲ၌ အရာရှိ အချို့ ပါဝင်သည်ဟု ကချင်ဒေသ သတင်းရင်းမြစ်ကပြောသည်။

ဇွန်-၁၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာအနီး ယနေ့တိုက်ပွဲဖြစ်ပွာ​နေရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီးသေဆုံးသူများထဲ၌ အရာရှိ အချို့ ပါဝင်သည်ဟု ကချင်ဒေသ သတင်းရင်းမြစ်ကပြောသည်။

ဇွန် ၁၇ ရက်မနက်ပိုင်းတွင်မှော်စီစာရွာအနီးရှိဘုရားကုန်း၌ဖြစ်ပွား​သော တိုက်ပွဲတွင်စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟုသိရသည်။

“လုံးခင်းတိုက်နယ်ကံဆီးဗျူဟာကုန်းကဂျီတူးအဆင့် ဗိုလ်မှူးအဆင့်နဲ့ တပ်သား ၃၀ လောက်ဒီကောင်တွေထိခိုက်ကျဆုံးတယ်။ဒီနေ့တိုက်ပွဲမှာ။ “ ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က အထိနာ၍လုံးခင်း၊ မှော်စီစာ ၊ ကဋေကျေးရွာများ လေယာဉ် အန္တရာယ် ဂရုစိုက်ရန် ဒေသခံအချို့ကအချင်းချင်း လူမှုကွန်ရက်၌ရေးသားသတိပေးမှုများလည်း ရှိသည်။

စစ်ကောင်စီဘက်က အရာရှိ အပါအဝင် သေဆုံးမှုများ၍ ပြည်သူ့နေအိမ်များကို မဲလာနိုင်သည်ဟု သတိပေးထားသည်။

ထို့ပြင်စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင်ပြည်သူထိခိုက်မှုရှိခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

“မှော်စီစာ ဘုရားကုန်းမှာစစ်ကောင်စီတပ်က နောက်ထပ် စစ်ကြောင်းထိုးပြီး ဝင်လာတဲ့အသစ်တွေ။သူတို့က ရမ်းသန်းပြီးပစ်နေတာ။ ရမ်းသန်းပစ်တော့ ဒီဘက်(KIA ပူးပေါင်းတပ်)ကလည်း စောင့်ကြည့်ပြီး လှုပ်ရှားမှုကို ကြည့်ရင်း တိုက်ပွဲဖြစ်လာတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖားကန့် ဗျူဟာကုန်းရှိစစ်တပ်ကလည်း ပြည်သူရှိရာကို လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေ၍ ပြည်သူ​နေအိမ်များထိမှန်ကာပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

တိုက်ပွဲမှာ ဇွန် ၁၇ ရက် နေ့ခင်းပိုင်းအထိရှိနေသည်ဟုလည်းသတင်းရင်းမြစ်ကပြောသည်။

(ဖားကန့် ၊​မှောစီစာရွာအနီး ဇွန် ၁၇ ရက်ကတိုက်ပွဲဖြစ်ပွားစဥ်။ရုပ်သံ-​ပေးပို့ )

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။