Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ​မှောစီစာရွာအနီးတိုက်ပွဲ စစ်တပ်မှအရာရှိအပါအဝင်သေဆုံးထိခိုက်များဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာအနီး ယနေ့တိုက်ပွဲဖြစ်ပွာ​နေရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီးသေဆုံးသူများထဲ၌ အရာရှိ အချို့ ပါဝင်သည်ဟု ကချင်ဒေသ သတင်းရင်းမြစ်ကပြောသည်။

ဇွန်-၁၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာအနီး ယနေ့တိုက်ပွဲဖြစ်ပွာ​နေရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီးသေဆုံးသူများထဲ၌ အရာရှိ အချို့ ပါဝင်သည်ဟု ကချင်ဒေသ သတင်းရင်းမြစ်ကပြောသည်။

ဇွန် ၁၇ ရက်မနက်ပိုင်းတွင်မှော်စီစာရွာအနီးရှိဘုရားကုန်း၌ဖြစ်ပွား​သော တိုက်ပွဲတွင်စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟုသိရသည်။

“လုံးခင်းတိုက်နယ်ကံဆီးဗျူဟာကုန်းကဂျီတူးအဆင့် ဗိုလ်မှူးအဆင့်နဲ့ တပ်သား ၃၀ လောက်ဒီကောင်တွေထိခိုက်ကျဆုံးတယ်။ဒီနေ့တိုက်ပွဲမှာ။ “ ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က အထိနာ၍လုံးခင်း၊ မှော်စီစာ ၊ ကဋေကျေးရွာများ လေယာဉ် အန္တရာယ် ဂရုစိုက်ရန် ဒေသခံအချို့ကအချင်းချင်း လူမှုကွန်ရက်၌ရေးသားသတိပေးမှုများလည်း ရှိသည်။

စစ်ကောင်စီဘက်က အရာရှိ အပါအဝင် သေဆုံးမှုများ၍ ပြည်သူ့နေအိမ်များကို မဲလာနိုင်သည်ဟု သတိပေးထားသည်။

ထို့ပြင်စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင်ပြည်သူထိခိုက်မှုရှိခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

“မှော်စီစာ ဘုရားကုန်းမှာစစ်ကောင်စီတပ်က နောက်ထပ် စစ်ကြောင်းထိုးပြီး ဝင်လာတဲ့အသစ်တွေ။သူတို့က ရမ်းသန်းပြီးပစ်နေတာ။ ရမ်းသန်းပစ်တော့ ဒီဘက်(KIA ပူးပေါင်းတပ်)ကလည်း စောင့်ကြည့်ပြီး လှုပ်ရှားမှုကို ကြည့်ရင်း တိုက်ပွဲဖြစ်လာတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖားကန့် ဗျူဟာကုန်းရှိစစ်တပ်ကလည်း ပြည်သူရှိရာကို လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေ၍ ပြည်သူ​နေအိမ်များထိမှန်ကာပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

တိုက်ပွဲမှာ ဇွန် ၁၇ ရက် နေ့ခင်းပိုင်းအထိရှိနေသည်ဟုလည်းသတင်းရင်းမြစ်ကပြောသည်။

https://www.facebook.com/LuduNwayOo/videos/1107605257892596

(ဖားကန့် ၊​မှောစီစာရွာအနီး ဇွန် ၁၇ ရက်ကတိုက်ပွဲဖြစ်ပွားစဥ်။ရုပ်သံ-​ပေးပို့ )

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော