Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ဆန်းကြွယ်ရွာအနီး၌ တိုက်ပွဲဖြစ်‌

ဖားကန့်မြို့နယ်ဆန်းကြွယ်ရွာအနီး၌ ယနေ့ ညနေ ၆နာရီကျော်မှစတင်၍ တိုက်ပွဲဖြစ်နေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန် KIAနှင့် KPDF ရဲဘော်များက သတိပေးနေကြသည်။

KIA တပ်ဖွဲ့ဝင်အချို့/ပုံ​​ဟောင်းဖြစ်ပါသည်

ဇွန်-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်ဆန်းကြွယ်ရွာအနီး၌ ယနေ့ ညနေ ၆နာရီကျော်မှစတင်၍ တိုက်ပွဲဖြစ်နေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန် KIAနှင့် KPDF ရဲဘော်များက သတိပေးနေကြသည်။

ဇွန် ၁၈ ရက်ညက မှော်စီစာကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားပြီးနောက်ညနက်ပိုင်းမှစတင်ကာ ပစ်ခတ်မှုများငြိမ်သက်ခဲ့သည်။ထို​နောက် ဇွန်လ၁၉ရက် နေ့လယ်ပိုင်းမှစ၍ ဆန်းကြွယ်ရွာအနီး တိုက်ပွဲပြန်ဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“နေ့ခင်းက ဖြစ်တာထက် ညနေက ပိုဆိုးလာတာပါ။ဆန်းကြွယ်ရွာမှာ ဖြစ်နေတာ။ ထုံးစံအတိုင်း ဒေသခံတွေက ရှောင်ဖို့မလွယ်တော့သတိတော်တော်ထားနေကြရတယ်။လက်နက်ကြီး၊ လက်နက်ငယ်သံ စုံတယ်”ဟု ဆန်းကြွယ်ရွာမှဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းအပြင်၎င်းတို့တပ်စွဲထားသည့်နေရာများမှ လက်နက်ကြီးများပစ်ခတ်နေကာ လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်သတိပြုကြရန် KPDF ရဲဘော်တစ်ဦးကသတိပေးသည်။

“ဒီည အစောပိုင်းကမန္တလေးကရောမြစ်ကြီးနားကပါ လေယာဉ်တွေတက်တယ်။လေကြောင်းသတင်းတွေ နားစွင့်ပြီးနေကြပါ”ဟုအ‌ဆိုပါKPDF ရဲဘော်က ပြောသည်။

ဇွန် ၁၈ ရက် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး‌ဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်။နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။ ဇွန်လ ၁၆ရက်က ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးနှင့် မှော်ဝမ်းကြီးရွာအနီး တိုက်ပွဲတွင်လည်း အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဖားကန့်ရောက်စစ်တပ်နှင့် ပြည်သူ့စ်ပူး​ပေါင်းစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ဇွန်လ ၉ရက်နှင့်ဇွန်လ ၁၀ရက်၌ တိုက်ခိုက်ခဲ့ပြီး ယ‌နေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးစဥ်သတ်ဖြတ်ခြင်းများကြောင့် မေလ ၂၈ရက်မှ ဇွန်လ၁၉ ရက်​​နေ့အထိ ​ဒေသခံပြည်သူ သေဆုံးသူ၃၀ဦးနီးပါး ရှိလာသည်။

ဖားကန့်၌ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်၍ ဒေသခံများစစ်ဘေးရှောင်နိုင်ရေးအတွက် ဦးစားပေးကြိုတင်ပြင်ဆင်ပေးကြရန် ဒေသခံများနှင့် လူမှုကူညီရေးလုပ်ဆောင်သူများကတောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။