ဆောင်းပါး
အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောဆိုတဲ့ ရွာလေးတစ်ရွာဟာ သာမန်နေ့တွေလိုပဲအမွှေးတိုင်လုပ်သူကလုပ်၊ အိမ်အလုပ် လုပ်သူကလုပ်နဲ့ ဖြတ်သန်းနေကြတယ်။ သစ်ကြီးတောရွာဟာ နာလန်ထတာ သိပ်မကြာသေးဘူးရယ်။ တခြားအညာဒေသက ရွာတွေလိုပဲ သစ်ကြီးတောဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခံခဲ့ရတယ်။



















































