Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြပွဲတွေကို ကိုင်တွယ်ရာမှာ အားနည်းချက် ရှိခဲ့ကြောင်း ပြင်သစ် သမ္မတ ဝန်ခံ၊ ပြည်ထဲရေး ဝန်ကြီးရဲ့ နုတ်ထွက်စာကို ငြင်းပယ်

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီး လောရင့် နူးနက်ဇ်ရဲ့ နုတ်ထွက်ဖို့ ခွင့်တောင်းမှုကိုတော့ သူက ပယ်ချထားကြောင်း မာခရွန်က အတည်ပြုခဲ့ပါတယ်။ နူးနက်ဇ်က ပြင်သစ်ရဲ့ မြို့ကြီးတချို့မှာ ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းဆန်ဆန် အခြေအနေတွေအဖြစ် ကူးပြောင်းသွားပြီး ရဲတပ်ဖွဲ့ရဲ့ စီမံထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားကြောင်း အောက်တိုဘာ ၁၉ ရက်နေ့မှာ ဝန်ခံ ပြောကြားခဲ့ပါတယ်။

လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာတာ၊ လူနေမှု စရိတ်တွေ ကြီးမားလာတာနဲ့ အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှု ယိုယွင်းအားနည်းချက်တွေကို မကျေနပ်ရာက ပြင်သစ်ရဲ့ ဒေသအများအပြားမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။

ပါရီအပါအဝင် မြို့ကြီးတချို့မှာတော့ ဆန္ဒပြသူတွေနဲ့အတူ ရောနှောပါဝင်လာတဲ့ လူရမ်းကားတွေက ကားတွေနဲ့ အဆောက်အအုံတွေကို မီးရှို့တာ၊ စတိုးဆိုင်တွေကို ဝင်ရောက်စီးနင်း လုယက်တာမျိုး လုပ်ရပ်တွေကိုပါ ကျူးလွန်လာပြီး ရဲတပ်ဖွဲ့က မနိုင်မနင်း အခြေအနေတွေ ကြုံလာတာပါ။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ အဲဒီလို ကိစ္စတွေအတွက် ကြိုတင် ခန့်မှန်းနိုင်မှုရော၊ ပြင်ဆင်နိုင်စွမ်းမှာပါ လစ်ဟာပျက်ကွက်မှုတွေ ရှိခဲ့ကြောင်း နူးနက်ဇ်က ဝန်ခံခဲ့ပါတယ်။ ပြီးတော့ အဲဒီအတွက် သူ့မှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ခံယူပြီး နုတ်ထွက်ဖို့ စိတ်ကူးထားကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

ဒါပေမဲ့ မာခရွန်ကတော့ လက်ရှိ အချိန်မျိုးမှာ နူးနက်ဇ်ကို နုတ်ထွက်ခွင့်ပြုဖို့ ပိုပြီး မဖြစ်သင့်ကြောင်း ပြောပါတယ်။ နူးနက်ဇ်သာ နုတ်ထွက်သွားရင် လတ်တလော ဖိအားတွေနဲ့ ကြုံနေတဲ့ ရဲတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြားမှာ အမိန့်ပေး စေခိုင်းမှု ကွန်ရက် ပြတ်တောက်တာတွေ ဖြစ်သွားလိမ့်မယ်လို့ မာခရွန်က ဆိုပါတယ်။

လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်းတွေမှာ ပြဿနာတွေ ရှိနေတာကို သမ္မတက အသိအမှတ် ပြုခဲ့ပြီး အဲဒီအတွက်လည်း လူရမ်းကားတွေ၊ လုယက်သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နင်းနိုင်မယ့် နည်းလမ်းအသစ်တွေ ရှာဖွေဖို့ နူးနက်ဇ်ကို ညွှန်ကြားထားကြောင်း ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တချို့က နူးနက်ဇ်ကို ထုတ်ပယ်ပေးဖို့ အစိုးရကို ဖိအားပေး တောင်းဆိုနေကြပါတယ်။

ပြည်ထဲရေး ဝန်ကြီးက အောက်တိုဘာ ၁၈ ရက်နေ့မှာ နုတ်ထွက်စာ တင်ခဲ့ကြောင်း၊ ဒါပေမဲ့ လက်ရှိ တရားဥပဒေ စိုးမိုးရေး စီမံခန့်ခွဲမှု လိုအပ်ချက်တွေအရ အဲဒီ နုတ်ထွက်စာကို သမ္မတက ပယ်ချခဲ့ကြောင်း အေလီဇေ နန်းတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မာခရွန်က ဆန္ဒပြမှုတွေကနေ ဆူပူသောင်းကျန်းမှုတွေ အဆင့်ထိ ကြီးထွားသွားတဲ့ အခြေအနေမှာ ထောက်လှမ်းရေး၊ စီမံခန့်ခွဲမှုနဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ ဘယ်လို အမှားအယွင်းတွေ ရှိခဲ့သလဲ ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ သုံးသပ်ပြီး လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ စတင်ကျင့်သုံးဖို့ နူးနက်ဇ်ကို ညွှန်ကြားခဲ့ပါတယ်။

နောက်ပြီး အကျပ်အတည်းအတွက် သင့်တော်သလို တုံ့ပြန်နိုင်ဖို့ လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်း အသစ်တွေ ပြင်ဆင် ရေးဆွဲဖို့လည်း ဝန်ကြီးကို သမ္မတက အမိန့်ပေးထားကြောင်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက မြို့တစ်မြို့မှာ ဆန္ဒပြသူတွေ မီးတင်ရှို့ခဲ့တာကြောင့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံတစ်ခု မီးလောင် ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရေနံတွေကို တရားမဝင် ခိုးဝှက်သယ်ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက စူပါမားကက်နဲ့ အရောင်းဆိုင် ရာဂဏန်းလောက်မှာ ရေခဲသေတ္တာတွေနဲ့ အအေးပေး စနစ်တွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းအုပ်နဲ့ ဆရာမတစ်ဦးကို ပစ်ခတ်ခဲ့မှုအတွက် ပြင်သစ်မှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကို ရဲတွေက ဖမ်းဆီးထားပါတယ်။