Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပလက်၀မြို့နယ်၊ချောင်းဆုံကို ဗုံးကြဲအရပ်သားသေဆုံးဒဏ်ရာရသူများပြား

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

(စစ်တပ် ဗုံးကြဲမှု​ကြောင့် ​သေဆုံးခဲ့သူ​တွေ။ ဓါတ်ပုံ- Khine Murn Chun's FB)

အောက်တိုဘာ-၁၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်၊မွန်းလွဲ ၁ နာရီကျော်အချိန်မှာချောင်းဆုံ၀န်းကျင်ကို စစ်တပ်ကလေယာဉ် ၅ စီးထက်မနည်းနဲ့ ဗုံးအလုံး ၅၀ ၀န်းကျင်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ကုန်သည်တွေရော ၊ခရီးသည်တွေရော အများကြီး သေတယ်၊ တော်တော်များတယ်၊ အရေအတွက်တွေတောင် အတိအကျ မသိသေးဘူး၊တော်တော်ကိုများတယ်။အလောင်းတွေလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်”လို့ ဒေသခံကုန်သည်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲမှုကြောင့်သေဆုံးထိခိုက်သူအရေအတွက်အသေးစိတ်တွေကိုတော့လူထု​နွေဦးမသိရသေးပါဘူး။

“ပလက်၀မှာလေယာဉ်အဆန်း(အသစ်)တွေ ကင်းထောက်ဒရုန်းတွေဝဲနေတာတရက်နှစ်ရက်ရှိပြီ။အခုလိုလူစည်တဲ့နေရာ၊အရပ်သားတွေပဲ ရှိတဲ့နေရာကို လာချတယ်”လို့ပလက်၀ဒေသခံတဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာစစ်တွေမြို့ပတ်လည်ရှိရေချမ်းပြင်၊အမြင့်ကျွန်း၊နာရီကန်၊ တောကန်ရွာဝန်းကျင်တို့နဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်ရင်ဆိုင်နေရပြီး ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ် ရှိနေကာ တပ်စခန်းတွေလည်း လက်လွှတ်နေရပါတယ်။

ဒါ့အပြင် စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကိုလည်း ကမ်းတက်ဖို့ ကြိုး စားတဲ့ စစ်တပ်ဟာ AA ရဲ့တိုက်ခိုက်မှုကြောင့် အထိနာနေကာ ကမ်းပေါ်ရောက်သွားတဲ့စစ်သားတွေဟာလည်း အများအပြားသေဆုံးကာအထိနာ​နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလိုတိုက်ပွဲအတွင်း အထိနာနေတာကြောင့် အရပ်သားလူနေကျေးရွာတွေကို လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ် ဗုံး ကြဲ၊ သတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာတလခွဲနီးပါးရှိ​နေပြီဖြစ်ပါတယ်။ဒါ​ပေမယ့်စစ်တပ်က AA တပ်စွဲထားတဲ့​နေရာ​တွေမသိမ်းနိုင်ဘဲ စစ်​တွေမြို့ အနီးဝန်းကျင်က ကာကင်းစခန်းတွေလက်လွှတ်ဆုံးရှုံး​နေပြီးအထိနာ​နေချိန်မှာ အရပ်သားပြည်သူ​တွေ​နေထိုင်တဲ့ မြို့ရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေ၊​ဆေးခန်း​တွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး​တွေ၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၁ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၁၈ ရက်နေ့ထိ စစ်တပ်လက်ချက်ကြောင့်ရခိုင်ပြည်နယ်မှာ​သေဆုံးခဲ့ရတဲ့ပြည်သူ ၉၃ ဦးနဲ့ ဒဏ်ရာရသူ ၁၅၄ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီထဲမှာဒီ​နေ့ ဗုံးကြဲခံရတဲ့ချောင်းဆုံမှ သေဆုံး၊ ဒဏ်ရသူတွေ မပါ၀င်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသအစပ်က ရေနံမြေတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းအထိနာနေတာကြောင့် ပခုက္ကူတပ်မ(၁၀၁) က စစ်ကူယာဉ်တန်းထွက်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။