Connect with us

Hi, what are you looking for?

သတင်း

အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် ဒေါက်တာစင်သီယာမောင်ကို NUG ကျန်းမာရေးဝန်ကြီးဌာန ဂုဏ်ပြု

ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။

အောက်တိုဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။

၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို မြန်မာ-ထိုင်းနယ်စပ် မယ်တော်ဆေးခန်းက ရရှိခဲ့ရာ ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင်ဟာ အောက်တိုဘာ ၁၉ရက်မှာ ဆုလက်ခံရယူခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများနဲ့ ပဋိပက္ခဒဏ်ခံစားနေရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သလို လူပေါင်းများစွာအတွက် ကျန်းမာသက်သာမှု၊ မျှော်လင့်ချက်နဲ့ လူ့ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးခဲ့သူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မယ်တော်ဆေးခန်းမှတစ်ဆင့် ကျန်းမာရေးလုပ်သားမျိုးဆက်များကိုလည်း လေ့ကျင့်ပျိုးထောင် ပေးခဲ့ရာ ၎င်းတို့သည် အခက်ခဲဆုံးအခြေအနေတွေမှာပင် စေတနာ၊ ကရုဏာနဲ့ တာဝန်သိစိတ်တို့ဖြင့် ပြည်သူများကို ဆက်လက်စောင့်ရှောက်လျက်ရှိတယ်လို့ဆိုပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဒေါက်တာစင်သီယာမောင်၏ ဦးဆောင်မှု၊ နှိမ့်ချရိုးသားမှုနှင့် မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိဘဲ ကျန်းမာရေးလိုအပ်ချက်အပေါ် အခြေခံ၍ လူတိုင်းကို စောင့်ရှောက်ပေးရန် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်မှုတို့ကို အထူးလေးစားတန်ဖိုးထားပါသည်။ သူမ၏ လုပ်ဆောင်ချက်များသည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသူများထံ ရောက်ရှိနိုင်ရေးအတွက် လူထုအခြေပြု ကျန်းမာရေးဝန်ဆောင်မှုများနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထင်ရှားစွာ ပြသလျက်ရှိပါသည်” လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခု ရရှိခဲ့တဲ့ ဆုဟာ ဒေါက်တာစင်သီယာမောင်ရဲ့ ထူးချွန်ပြောင်မြောက်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဂုဏ်ပြုအသိအမှတ်ပြုခြင်းဖြစ်သကဲ့သို့ မယ်တော်ဆေးခန်းမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်များအားလုံးရဲ့ စေတနာနဲ့ ကြိုးပမ်းအားထုတ်မှုများကိုလည်း ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်သူများ အလွန်အမင်း ဒုက္ခဆင်းရဲခံစားနေရတဲ့ ယခုကာလတွင် ဒေါက်တာ စင်သီယာမောင်ရဲ့ စံနမူနာက ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ထိန်းသိမ်းခြင်းနဲ့ အချင်းချင်း ဖေးမကူညီစောင့်ရှောက်ခြင်းတို့ဟာ ငြိမ်းချမ်းရေး အတွက် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်များဖြစ်ကြောင်း သတိပေးလျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်သူအားလုံး ကျန်းမာရေးစောင့် ရှောက်မှုကို တန်းတူညီမျှ လက်လှမ်းမီရရှိနိုင်ရေးအတွက် ကျန်းမာရေးမိတ်ဖက်များနဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်းများစွာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ အတွက် အားကိုးအားထားရာ ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် အရင်ကလည်း ကျန်းမာရေး၊ လူ့အခွင့်အရေးဆိုင်ရာ ဆုတံဆိပ်များစွာ ရရှိခဲ့သူဖြစ်ပါတယ်။

ကရင်လူမျိုးတဦးဖြစ်တဲ့ ဒေါက်တာစင်သီယာမောင်ကိုကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်ကလည်း အသိအမှတ်ပြုချီးကျူးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာအခြေစိုက်ထင်ရှားတဲ့ပရဟိတ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်ကြိုးစားမှုတွေကို ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်

သတင်း

အရပ်သားများအားကာကွယ်ရမည့် နိုင်ငံတကာ တားမြစ်ချက်ကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည့် လုပ်ရပ်အား နိုင်ငံတကာ လျစ်လျူရှုမထားရန်တောင်းဆို

သတင်း

ဒေါက်တာ စင်သီယာမောင်သာ ထိုင်းနိုင်ငံသားအဖြစ် ခံယူနိုင်ခဲ့မယ် ဆိုရင်တော့ သူဦးဆောင်တဲ့ ဖောင်ဒေးရှင်းကိုပါ ထိုင်းအဖွဲ့အစည်း တစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရလာနိုင်တယ်လို့လည်း သိရပါတယ်။