Connect with us

Hi, what are you looking for?

All posts tagged "The Call – ခေါ်သံ"

ဝတ္ထုတို

ငြိမ်းကိုငြိမ်း ၁။ ဒီတနှစ်မိုးကတော့ ကောင်းဆဲ။ တောင်ပေါ်ဒေသလည်းဖြစ်တာမို့ ရွာရင်လည်း လေးငါးရက်ဆက်တိုက် မစဲတော့။ တခါတရံ နေကျဲကျဲပူတာမို့ ကျောင်းကို ထီးမယူဖြစ်တော့ဘဲ သွား​မိတဲ့အခါမျိုး ရှိဖူးတယ်။ တောင်ပေါ်မိုးက အစိုးမရရယ်။ နေကျဲကျဲပူရာက ချက်ချင်းဆိုသလို အုံ့ဆိုင်းမှုန်မှိုင်းလာပြီး ဗြုန်းဆို မစဲဘဲ သည်းသည်းထန်ထန်ရွာချတတ်တာမျိုး။ အထူးသဖြင့် ကျောင်းဆင်းချိန်...

ကဗျာ

◾ခွန်းနီအလင်းတွေလျှံကျနေတယ်လို့အိမ်မက်တွေခဏ ခဏ မက်တယ်တကယ်တမ်းမှာတော့ငါတို့အိမ်မက်တွေအပေါ်သွေးတွေပဲအန်ကျနေတာ။ တစ်ချိန်ကလမ်းမညများငါလွမ်းမိတယ်လသာသာညများလမိုက်မိုက်ညများငါတကယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့ညများအဲ့ဒီ့ညများစွာကိုလွမ်းတယ်။ အခုတော့ညတွေဟာတစ်ထပ်တည်းတပုံစံတည်းပဲမပျော်ပဲငါအိပ်ခဲ့ရမအိပ်လည်း ငါမပျော်ခဲ့ရပါဘူး။ ဘဝရော အသက်ရောပြောင်းရင်းထဲထိုးထည့်လို့သေနတ်ပြောင်းဝကိုပဲငေးနေမိတယ်အရိပ်ဆိုးတွေမြင်ရသမျှငါ့သေနတ်ကအလင်းတွေဖြာကျရအုံးမယ်။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “​ညများ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ဝတ္ထုတို

​မောင်သုည (ရှပ်ပုံသား​လေး) (၁) သာတချီ မှိန်တလှည့် အသက်ရှူကြပ်နေသော လရောင်အောက် လွတ်နိုင်သမျှလွတ်အောင် ပြေးရင်း ညောင်ပင်ကြီးဆီရောက်လာသည်။ ထိုညောင်ပင်အောက်ကို တိုးဝင်သွားသောအရိပ်တခုကြောင့် ကျီးမဲတအုပ်သည် တထိတ်တလန့် ဖရိုဖရဲ ထပျံသန်းသွားကြ၏။ ”အမေ့သားလေး ” အမေ ဆက်ပြေးလိုက်သည်။ ဗွက်အိုင်ထနေသော ရေမျက်နှာပြင်လမ်းမပေါ်က လဆန်း၏လခြမ်းသည် လှုပ်ခတ်ကျန်ခဲ့လေတော့သည်။...

ကဗျာ

◾လူနော်၁။ရာမွန်မှောင်မိုက်နေတဲ့အဲဒီလမ်းကြားလေးထဲ ဝင်ချင်တယ်မိုးရေတွေထဲ ဝင်တိုးချင်တယ်စွန်းပေနေတဲ့အဝတ်တွေ ဝတ်ဖူးချင်တယ်ပေါ်ပီပန်းလေး တပွင့်ဖြစ်ဖြစ် အိပ်ကပ်ထဲ ပွင့်ချင်တယ်ရာမွန်ရေကျနော် ထွက်ပြေးနေတယ်ခြေလှမ်းတွေ သက်တမ်းတိုးဖို့လူသူကင်းမဲ့ အဟောင်းဆိုင် တစ်ခုဆီ မောင်းပို့ပေးပါ ၂။ရှေ့က ဆိုင်ကယ် တားပေးပါခွင့်ပြုပါအိတ်ဇောငွေ့ ၅၀၀ဖိုးလောက် ဝယ်ချင်တယ်ကျနော်ယမ်းနံ့ ရချင်လို့ ၃။သေနတ် တစ်လက်၊ ဦးထုပ် တစ်လုံးသွေးရေကြည် တစ်ပုလင်းလိုမယ်ထင်တာတွေ အစုံထည့်ပေးအဖိုးအခ...

ဝတ္ထုတို

မိုးတွေက သည်းကြီးမည်းကြီး ရွာနေ၏။ ဘယ်အငြိုးနဲ့ ရွာရက်လေသည် မသိ။ ရွာနေသည်မှာ နှစ်နာရီကျော် ရှိပြီ။ ဇရပ်ပေါ်မှာ တကိုယ်တည်း အားကိုးရာမဲ့နေသော ကျနော် ခိုက်ခိုက်တုန်နေ လေပြီ။

ကဗျာ

◼️လင်းညိုရိပ် လူငယ်တွေဟာ အချစ်ကိုခေတ်နဲ့ယှဉ်ပြီး ဦးစားပေးလို့မရမှန်းသိတဲ့အခါအချစ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ နောက်မျိုးဆက်တွေအတွက် အနာဂတ်ဆိုတာဟာစနစ်အပေါ်မှာပဲ မူတည်နေတော့သူတို့အနာဂတ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ လူငယ်တွေဟာ ပန်းသိပ်ကြိုက်တဲ့အမေအိုအတွက်ပန်းကလေးတွေကို အရင်လိုအလွယ်တကူခူးပေးလို့မရမှန်းသိတဲ့အခါ ဓားထက်ထက်သွေးပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ သံချေးကိုက်နေတဲ့ ယန္တရားအပျက်ကြီးကိုပြင်လို့မရနိုင်မှန်းသိတဲ့အခါ လူငယ်တွေဟာပိုကောင်းတဲ့အသစ်တစ်ခုနဲ့ အစားထိုးဖို့အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက်သူတို့ထမ်းဆောင်လို့မရတော့တဲ့ တာဝန်တွေကို“ငါတို့ပခုံးပေါ်လွှဲပြောင်းယူရမယ်လို့” ခံယူထားကြတဲ့အခါအဲ့ဒီခံယူချက်အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ မပြောမဆိုနဲ့ အိမ်ကထွက်လာတဲ့နောက်အမေ့ကိုဖုန်းဆက်ပြီးပြောခဲ့တဲ့စကား“အောင်ပွဲနဲ့အတူပြန်ခဲ့မယ်အမေ”...

ဝတ္ထုတို

▪︎ဆူးနတ်သံ “ဘာမှ ဆုပ်ကိုင်မထားတဲ့ သုညလက်ပါ တဖျက်ဖျက် မလွင့်နိုင်တဲ့ အလံတွေကိုင်ရင်း ပန်းဝင်ခဲ့ပါပြီ” ဆိုတဲ့ကဗျာက 2021 ခုနှစ် မတ်လ ၃ ရက်နေ့ မုံရွာသပိတ်မှာ ကဗျာဆရာ ကေဇဝင်းနဲ့အတူ တနေ့တည်း ကျဆုံးခဲ့တဲ့ ကဗျာဆရာမ ကြည်လင်အေးရဲ့ ကဗျာပဲကွ။ တို့တတွေ သင်ယူရမှာက...

ကဗျာ

◼️ကိန်း (ခရမ်း) ဒီကောင်က ကြောင်တောင်တောင်ကောင်အိမ်ကပေးတဲ့ ကျောင်းမုန့်ဖိုး တစ်ရာတန်အပြဲကလေးကိုဘိန်းမုန့်ကြီးကြီး ဝယ်စားချင်တဲ့ကောင်၊ ဒီကောင်က ငကြောက်မြို့မကကောင်တွေနဲ့ကျောင်းကြီးက ကောင်တွေချတော့သူများလက်သီးကြားခေါင်းငုံ့ပြီး အထိုးခံနေကျအော်ငိုပြီး အိမ်ပြန်နေကျ ကောင်၊ ဒီကောင်က ဝမ်းနည်းတတ်တယ်အထက်တန်းရောက်လို့ သူငယ်ချင်းတွေ အတန်းမတူကြတော့စာသင်ခုံမှာထိုင်ဆွေးပြီးအခန်းပြောင်းချင်တယ်လို့ဆရာမရှေ့ တကိုယ်တော်ဆန္ဒပြတတ်တဲ့ကောင်၊ ကျောင်းဆင်းလို့ အိမ်ရောက်ရင်သူ့အမေရဲ့ အသုပ်ဆိုင်မှာပန်းကန်ထဲ ဟင်းခါးတွေဖြည့်ခုံတွေသုတ်အသွားပြန် ၁နာရီလောက်ဝေးတဲ့ မုန့်ဖိုကိုမုန့်ဖက်ကုန်ရင်...

ရသစာတမ်းငယ်

တောင်ပေါ်ဒေသကား မိုးရာသီသည် စိတ်ပျက် ငြီးငြူဖွယ်ရာ အလွန်ကောင်း၏။ မိုးရွာလို့ မြေပြို၊ တောင်ပြိုဖြစ်ကာ လမ်းများပျက်သည်ကလည်း တော်တော်ပင် ဆိုးရွား၏။ တချို့ရွာတွေဆို ရွှံ့ဗွက်များ အိုင်ထကာ ဆိုင်ကယ်ပင်သွားစရာ လမ်းမရှိ။ ထို့ကြောင့် ကျနော်တို့သည် မိုးတွင်းကို အနားရသည့် ရာသီတခုပင် သဘောထားလေသည်။

ကဗျာ

မိုးမြင့်ကျော် ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်မင်းအခန်းက မိုးယိုပေါက်မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့ကိုယ့်အင်္ကျီချုပ်ရိုးဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူးမင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကိုချည်ပြန်ထိုးထားလိုက်တယ်ကိုယ်သိပါတယ် မင်းကတော့မိုးယိုပေါက်ကို ဒီအတိုင်းထားလို့ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။ ( The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မိုးမြင့်​ကျော်’ ရေးဖွဲ့တဲ့ “မင်းကို​ပေးခဲ့တဲ့ကတိ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့...

Facebook