မိုးမြင့်ကျော်
ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့
ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်
မင်းအခန်းက မိုးယိုပေါက်
မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့
ကိုယ့်အင်္ကျီချုပ်ရိုး
ဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူး
မင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီ
ကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကို
ချည်ပြန်ထိုးထားလိုက်တယ်
ကိုယ်သိပါတယ် မင်းကတော့
မိုးယိုပေါက်ကို ဒီအတိုင်းထားလို့
ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။
( The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မိုးမြင့်ကျော်’ ရေးဖွဲ့တဲ့ “မင်းကိုပေးခဲ့တဲ့ကတိ” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































