Connect with us

Hi, what are you looking for?

All posts tagged "The Call – ခေါ်သံ"

Short Story

မောင်သုည (ရှပ်ပုံသားလေး) ဖားအော်သံ သောင်းသောင်းညံနေတဲ့ ညဦးရဲ့ မိုးသီးမိုးပေါက်က အမှောင်ထဲ သုံးတော်ခံနေတဲ့ ကချေသည်ပမာ ကျနော့်ကို အဖော်ပြုနေတယ်။ အဲဒီ မိုးသီးမိုးပေါက်ကြားကို ကျနော်မွေးထားတဲ့ ငနီကလည်း အမှောင်ထဲက အလင်းရောင်ကိုတွေ့တော့ တဝုတ်ဝုတ်နဲ့ထဟောင်လို့။ ” ငနီ ” ငနီက ဟောင်သံရပ်ပြီး ကျနော့်အနားလာတယ်။...

ကဗျာ

ဆပ်ရိပ် သက်ပြင်းဆိုပေမယ့်စိတ်လိုလက်ရ ချပါတယ်။ သုံးလေးငါးနှစ်အစစအရာရာရှားပါးနေတော့ခံစားမှုလည်း တန်ဖိုးကြီးလာတယ်နေမကောင်းတဲ့ညနေမှာတိမ်မျှင်တစက အစကြီးမြတ်တယ်။ လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့အမှောင်ထဲထိုင်ဖို့လိုတယ်ထိကရုန်းပင်လိုနေ့တွေအတွက်လူသူနည်းတဲ့တောအုပ်ခပ်နက်နက်လိုတယ်။ ရထားတွေဟာဘယ်ခရီးသည်ကိုမှ စောင့်ရိုးမရှိတာ နားလည်ပါတယ်ကိုယ်လည်း ပုံမှန်ပဲသွားမယ်ဘာကိုမှ ပြေးမလိုက်နိုင်တော့ဘူး။ မျက်ရည်ဟာ အသံထက်မြန်တယ်ဒီကမ္ဘာမှာ အလင်းနှစ်မခြားဘဲနဲ့ ဝေးနေတာ အိမ်ပဲရှိပါတယ်။ (“The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ​’​ဆပ်ရိပ်’...

Short Story

ကျမတို့အိမ်က တော်လှန်ရေးတပ်သားတွေ စတည်းချတဲ့နေရာ။ အဖေက ရွာ့မျက်နှာဖုံးလို့ ပြောလို့ရတယ်။ ရွာ့မျက်နှာဖုံးအဖေက တော်လှန်ရေးတပ်သားတွေကို အကျွေးအမွေးနဲ့ ထောက်ပံ့ရတာကို ပုံမှန်လုပ်ဖြစ်တာပါ။

ကဗျာ

ယောနသံ သူက ‘ပန်း’ ပါတဲ့မကြွေရဲရင် အစကတည်းကဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့ပြတ်ပြတ် သားသား။ ဆူးပါတဲ့နှင်းဆီလည်းကြွေတတ်တာပဲ‌နော် ဆိုတော့*”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။ လူ့စည်း ဘီးလူ့စည်းအသဲစားရဲမှ သားရဲဖြစ်မှာပန်းမှာလည်းပန်းရဲ့စည်းတော့ ရှိရမပေါ့။ ဒါဟာ စစ်ပွဲတစ်ခုပဲလေ။ ကိုယ်က ဘီလူး ပါဘီလူးတော့ ဘီလူး ဒါပေမယ့်သာမန် သားသတ်လွတ်သမားပန်းစားဘီလူး။...

Short Story

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကျနော်တို့ကျောင်းတွေလည်း ၃ လကျော်မျှ ပိတ်ထားခဲ့ရတယ်။ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာရယ်၊ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်ကြောက်ကြတာရယ်ကြောင့် ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘဲ တောထဲတောင်ထဲ ဂူထဲ တောင်ယာမှာ စသဖြင့် အတော်များများ ရှောင်ပုန်းနေထိုင်ခဲ့ကြရတယ်။ ကျနော်တို့လည်း အလားတူ နီးစပ်ရာ ဗုံးခိုကျင်းဆီ...

ကဗျာ

ဆူးနတ်သန် ခရီး‌တထောက်နားပါ။ ရေကြည်အေး တခွက်သောက်ပါ။ စာအုပ်များ ယူဖတ်ခွင့် ရှိပါတယ်။ စာမျက်နှာများ ကျော်လွှား မဖတ်ပါနဲ့။ ဘဝဆိုတဲ့ စက္ကန့်တွေကို အပြည့်အဝ ခံစားပါ။ စကားလုံးတွေရဲ့ လေးနက်မှုဟာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ပါတယ်။ စကားလုံးရဲ့ ဩဇာကြောင့်ပဲ ကမ္ဘာကြီး ရှင်သန်နေတာ မဟုတ်ပါလား။ ဓာတ်ပုံလေးတပုံ...

Short Story

ပန်းခြံ‌ဘေးတနေရာကို ရောက်လာတဲ့နေ့က မိုးက ဖွဲဖွဲကျနေတယ်။ ပန်းခြံထဲမှာတော့ ခွေးတကောင် ကြောင်တမြီးမှ မရှိသလို လူတွေလဲ တယောက်တလေမှတောင် မရှိဘူး။ ပန်းခြံ သန့်ရှင်းရေး လုပ်တဲ့သူတော့ ရှိသင့်တာပေါ့။ အခုတော့ လူသူကင်းရှင်းနေတဲ့ ပန်းခြံတခုဖြစ်လို့နေတယ်။

ကဗျာ

မေရီသော် တောင်ကုန်းကို မသိမ်းပိုက်ဘဲ လှည့်ပြန်ပြီးတရေးအိပ်ဖြစ်ခဲ့ငါ့ရဲ့ပြားချပ်ချပ်ရင်သားပေါ်မှာစိမ်းပြာရောင်ငါးကြေးခွံတွေ စတက်လာတဲ့နေ့မသေမျိုး ပန့်ခ်တွေ စိတ်ပျက်လက်ပျက်ဘုရားရှိခိုးကြတဲ့နေ့ကုန်းကျော်တံတားဟာ တယောက်ယောက်ရဲ့ခေါင်းကို ထိမှန်ပြီးထုတ်ချင်းပေါက်ထွက်သွားမလိုလိုတောအုပ်ထဲက‌ နေပြေးထွက်လိုက်တာနဲ့မှော်ဆန်မှုတွေ ပျောက်ကွယ်သွားတာပဲစိတ်မကောင်းပါဘူးခင်ဗျားရဲ့အကောင်းမြင်နိုင်စွမ်းကလေးပုတ်တော့မှာမို့ အရင်းကနေဖြတ်ရတော့မယ်မျက်နှာကျက်က ကြမ်းပြင်ထိနီယွန်ဆိုင်းဘုတ်ချည်းကားတာယာတွေ၊ရေနက်ကွင်းတွေနဲ့ ကျီးကန်း‌တွေချန်ခဲ့ရတဲ့အရိပ်တွေ များလွန်းလို့သက်ပြင်းရှိုက်မှတ်တိုင်က စထွက်တာနဲ့ကျောပိုးအိတ်တွေမှ ခြေချစရာတောင်မရှိအဘိုးအိုဟာ ရေသန့်လှည်းကို တွန်းရင်းရေငတ်နေပုံရသိုးကျောင်းသားတယောက်ရှော့ပင်မောလ်လှေကားထစ်ပေါ်မှာကန်းထရီးသီချင်းညည်းနေတခါသုံးဖော့ဘူးဖြူဖြူတွေနဲ့တည်ဆောက်ထားတဲ့ လောကလှည်းတန်းက နာမည်ရင်း လှမ်းခေါ်ပြီး နှုတ်ဆက်ပေမယ့်ငါမကြားချင်ယောင်ဆောင်ခဲ့တယ်။ ။...

Short Story

တကယ့်စစ်သားတယောက်ရဲ့အိမ်အပြန်တိုင်းဟာ ကြည်နူးဝမ်းသာဖွယ်ရာချည်းပဲ မဟုတ်ဘူး။ မြေအိုးလေးထဲ အရိုးပြာထည့် သင့်အား ကျွန်ုပ်တို့တပ်မှ ထုတ်ပယ်သည်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်။ အိမ်ပြန်ရောက်လာတာ ဓာတ်ပုံလေးတပုံ၊ ဖုန်းလေးတလုံး၊ အင်္ကျီလေးတထည်လည်း ဖြစ်နိုင်တယ်။

ကဗျာ

နွံဆိုင် ၁၊တံခါးအပြင်က အတုယောင်ဘဝများတကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။ ၂၊စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေကကလေးတယောက်ရှေ့မှာ ပြုံးပြရင်းသက်သေပြချင်နေကြတယ်ချိုသောမေတ္တာတိုင်း အခါးဓာတ်ကင်းမဲ့မနေပါ။ ၃၊လက္ဘက်ရည်ဆိုင်တွေကို ပြန်လိုချင်တယ်ခွက်ထဲမှာ အမှတ်တရတွေ ပါကောင်းပါနိုင်တယ်ငယ်ငယ်ကဆို အဖေဘာလို့ပေါ့ဆိမ့်မှာလဲ နားမလည်ခဲ့။ ၄၊တွေ့ရာလူနဲ့ နားလည်မှုရှိဖို့ဆိုတာတယောက်ဒဏ်ရာ တယောက်မြင်တာမျိုးဖြစ်မယ်တခါတလေ ပြောစရာစကားမရှာတာလည်းအဆုံးစွန် ကိုယ်ချင်းစာတရားဖြစ်နေတတ်သေးတယ်။ ၅၊လိပ်ပြာတွေနောက်မှာ ကလေးတယောက်ဟာအတောင်ပဲ့နေတယ်၊ကမ္ဘာကြီးက အရောင်မဲ့လိုက်တာ အချစ်ရယ်။...

Facebook