သတင်း မိုးဗြဲမြို့အခြေစိုက်(ခမရ ၄၂၂)တပ်စခန်းအပါအဝင် ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုပြော တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အများအပြား ဒဏ်ရာရပြီး ခုနစ်ဦးသေဟုဆို "ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း နွားထိုးကြီး – တောင်သာလမ်းတွင် စစ်ကောင်စီယာဥ်နှစ်စီးကို မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ်သားငါးဦးသေဟု နွားထိုးကြီး PDFပြော စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မောင်တောတွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီရဲကားတစ်စီးမိုင်းဆွဲခံရ ရဲတစ်ဦးသေ၊အရာရှိအပါအဝင်ရဲ ၁၂ ဦးပျောက်ဆုံး "ကားမိုင်းဆွဲခံရပြီး ရဲတပ်ကြပ်တစ်ယောက် သေတယ်။ ၁၂ယောက် ပျောက်နေတယ်။ပျောက်နေတဲ့အထဲမှာ ရဲမှူးတစ်ယောက်နဲ့ ဒုရဲမှုးတစ်ယောက်ပါတယ်" ဟုအမည်မဖော်လိုသောဒုရဲမှုးအဆင့်ရှိရဲတစ်ဦးကလည်းပြောသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ပလက်ဝ CDFတပ်ရှိရာသို့ စစ်ကောင်စီစစ်ကြောင်း သုံးခုဖြင့် ချီတက်လာ၍ တိုက်ပွဲများဖြစ်နိုင်ဟု အသိပေး မည်သည့်အချိန်တွင်တိုက်ပွဲဖြစ်ပွားမည်ကို မပြောနိုင်သော်လည်း CDFတပ်များရှိရာသို့ ဆက်တိုး လာပါက တိုက်ပွဲဖြစ်လာမည်ဟု ၎င်းက ဆိုသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ဗိုလ်ကြီးနှင့်ဇနီး ပစ်ခတ်ရှင်းလင်းမှုမှာ “နန်းထိုက်အောင်”စစ်ဆင်ရေးအရဟု တာဝန်ရှိသူပြော အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ခင်ဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022