စက်တင်ဘာ-၂၆၊၂၀၂၆။ထားမြတ်/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။
စက်တင်ဘာ ၂၅ရက်က ပြုလုပ်တဲ့ အခမ်းအနားမှာ ကိုးကန့်ခေါင်းဆောင် ဖုန်တဲရင်၊ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းနဲ့ ဒုဥက္ကဋ္ဌတာခူးလန်း၊ AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်ခဲ့ကြောင်း ကိုးကန့်သတင်းပြန်ကြားရေးက တရုတ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းမှာမှတ်တမ်းဓာတ်ပုံတွေ ဖော်ပြထားပါတယ်။
ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ ကိုးကန့်၊တအာင်း၊ရက္ခိုင်တပ်ဖွဲ့တွေအနက်ကိုးကန့်နဲ့ တအာင်းတပ်တွေဟာ ရှမ်းမြောက်ဒေသ နယ်မြေဆိုင်ရာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး အခုနှစ်မတ်လမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဝက်ခန့်အကြာမှာ ကိုးကန့်တပ်က ပြုလုပ်တဲ့ လမုန့်စားပွဲကို TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်လာတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

Public Service Announcement
ကိုးကန့်တပ်ဟာTNLAထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့အနက် AAဟာ အာဏာသိမ်းစစ်တပ်ကို လက်ရှိအချိန်ထိတိုက်ခိုက်နေဆဲဖြစ်ပြီး MNDAAနဲ့ TNLA တို့ကတော့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဟန်ပြလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာလည်း TNLAနဲ့ MNDAA တို့က လက်ခံခဲ့ပြီး နှစ်ဖွဲ့လုံးက ခေါင်းဆောင်တွေဟာ နေပြည်တော်ကို သွားရောက်ကာစစ်အုပ်စုနဲ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို ကိုးကန့်နဲ့ တအာင်းတပ်က စစ်အုပ်စုနဲ့ ဆွေးနွေးနေချိန် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ရာ မြို့နယ်တွေကိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ အများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။ဒါ့အပြင်စစ်တပ်က AA ထိန်းချုပ်ဒေသတွေကို စက်တင်ဘာ ၄ ရက်ကစပြီးအင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားပေမယ့် စစ်တပ်စစ်ကြောင်းတွေ ရှေ့မတိုးနိုင်ဘဲ လန်ကျပြီးစစ်ဦးကျိုးကာ စစ်တပ်စခန်းတွေကို AA ကပြန်သိမ်းပိုက်နေပါတယ် ။


















































