Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အထက်ဆန်တက်လာ​သောစစ်​ကောင်စီ​တပ်ရေယာဥ်အုပ်စုကို PDFများတိုက်ခိုက်

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

(ဇူလိုင် ၁၈ တွင် မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှထွက်လာ​သော ​ရေယာဥ် ၁၃ စီးပါစစ်​ကောင်စီ ​ရေယာဥ်အုပ်စု။ ဓါတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား​ရေး)
(ဇူလိုင် ၁၈ တွင် မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှထွက်လာ​သော ​ရေယာဥ် ၁၃ စီးပါစစ်​ကောင်စီ ​ရေယာဥ်အုပ်စု။ ဓါတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား​ရေး)

●ဇူလိုင် ၁၈တွင် လက်လုပ် ၉၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ရာ​စစ်ရေယာဥ်တစ်စီးနစ်မြုပ်

ချင်းတွင်းမြစ်အထက်သို့ ဆန်တက်လာသည့်စစ်ကောင်စီရေယာဥ်အုပ်စုကို တိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်းကနီအခြေစိုက် ကျောက်လုံးကြီး PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇူလိုင် ၁၉ ရက်)နေ့လည် ၂နာရီခန့်ကစ၍ကနီမြို့နယ်အပိုင် နတ်ကြီး နှင့် ငါးဖျက် ရွာ တို့ အကြားသုံးကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟုသိရသည်။

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဇူလိုင် ၁၈ ရက်ကစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီ၏ ရေယာဥ်အုပ်စုတွင်အမြန်ယဥ်စစ်သဘော်ကင်း ထောက်ဘုတ်နှစ်စီးအပါအဝင် ရေယာဥ်အစီးရေ ၁၃ စီး နှင့် အင်အား ၁၀၀ ကျော်ခန့်ပါဝင်သည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အဆိုပါရေယာဥ်အုပ်စုကို ယမန်နေ့(ဇူလိုင်၁၈) နံနက်၅ နာရီ ခန့်က မိနစ် ၃၀ ကြာ တိုက်ခိုက်မှု၌ ချိုင်ရွာအနီးအရောက် မော်တော်တစ်စီးမှာ PDF များကလက်လုပ်၉၀မမဖြင့်ပစ်ခန်တိုက်ခိုက်ရာထိမှန်ရာနစ်မြုပ်သွားပြီး ခဲယမ်းကျည်အချို့ ရရှိကြောင်း သိရသည်။

အဆိုပါ ရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့ သို့ စစ်ကောင်စီက လက်နက်ခဲယမ်း ရိက္ခာ များကို ပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သ င်္ဘောတစ်စီးနှင့်ပြောက်ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း ၌ဇူလိုင် ပထမ ပတ်တည်းက တပ်စွဲ ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။