Connect with us

Hi, what are you looking for?

သတင်း

မိုင်းရှူးတွင် စစ်​ကောင်စီတပ်က အိမ်စီးကားကို​သေနတ်ဖြင့်ပစ်၍ အသက် ၆ နှစ်အရွယ်က​လေးငယ်အပါအဝင် မိသားစုသုံးဦး​သေဆုံး

ကားပေါ်တွင်မိသားစုစုဝင် သုံးဦးအနက်ကလေးငယ်နှင့်မိခင်ဖြစ်သူသည် နေရာတွင်ပင် သေဆုံးခဲ့ပြီးကလေးငယ်၏ဖခင်သည် မှိုင်းရှုးဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

(မိုင်းရှူး​ဆေးရုံတွင် ကွယ်လွန်ခဲ့​သော စိုင်းသီဟ။ ဓါတ်ပုံ-SSPP info)
(မိုင်းရှူး​ဆေးရုံတွင် ကွယ်လွန်ခဲ့​သော စိုင်းသီဟ။ ဓါတ်ပုံ-SSPP info)

မိုင်းရှူးမြို့တွင် အိမ်စီးကားတစ်စီးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်၍ ကားပေါ်ပါမိသားစုဝင်သုံးဦးစလုံး သေဆုံးသွားခဲ့ကြောင်း SSPPတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ယမန်နေ့(ဇူလိုင်၁၈ ရက်)ညကရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းရှုးနှင့် တန့်ယန်းသွားလမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီကအိမ်စီးကားတစ်စီးကိုပစ်ခတ်ခြင်းဖြစ်သည်။

“မြေပြင်သတင်းအရ အဲ့ဒါ( စစ်ကောင်စီကအရပ်သားသုံးဦးအားသေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသည့် ဖြစ်စဥ်) ဟုတ်ပါတယ်ခင်ဗျ”ဟု SSPP တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

ကား​ပေါ်တွင်အသက်၆နှစ်အရွယ်က​လေးငယ်တစ်ဦးအပါအဝင်မိသားစု ၃ ဦးပါပြီး သုံးဦးစလုံးသေဆုံးခဲ့ကြောင်းရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ အာဘော်များကိုထုတ်ပြန်ပေးနေသည့် SSPP Info က ယနေ့(ဇူလိုင် ၁၉ရက်) သတင်းထုတ်ပြန်ထားသည်။သေဆုံးသူ သုံးဦးမှာ မိုင်းရှုးမြို့ဝမ်တောင်ဟျိုဝ်းရွာနေစိုင်းသီဟ၊နန်းဆိုင်လူနှင့် ၎င်းတို့၏ရင်​သွေး ၆နှစ်အရွယ်သားငယ်တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကားပေါ်တွင်မိသားစုစုဝင် သုံးဦးအနက်ကလေးငယ်နှင့်မိခင်ဖြစ်သူသည် နေရာတွင်ပင် သေဆုံးခဲ့ပြီးကလေးငယ်၏ဖခင်သည် မှိုင်းရှုးဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

“အပြစ်မဲ့ပြည်သူကို ဒီလိုလုပ်တာကတော့ လက်ခံနိုင်စရာမရှိဘူး”ဟု SSPP တာဝန်ရှိသူကဆက်​ပြောသည်။

မိုင်းရှူးမြို့(၇)မိုင်တွင် တပ်စွဲထားသည့် တပ်ရင်းမှူး ထွန်းအေးလင်း ဉီးဆောင်သော ခလရ( ၅ ၂ ၄ )မှ တပ်သားနှစ်ဦးသည် စိုင်းသီဟတို့ မိသားစု ကားကို တားဆီးကာ သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း၊ စိုင်းသီဟ၏ ဇနီးနန်းဆိုင်လူ နှင့် ၆ နှစ်အရွယ်ကလေးငယ်သည် ကားထဲတွင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အိမ်ထောင်ဦှးစီး စိုင်းသီဟမှာ သေနတ်ဒဏ်ရာ ၁ ချက် ၊ ဓားဒဏ်ရာ ၂ ချက်ဖြင့် မိုင်းရှူးပြည်သူ့ဆေးရုံတွင် ညနက်ပိုင်း ၁၁ နာရီခန့်က သေဆုံးခဲ့ကြောင်းSSPP INFO က ဖော်ပြထားသည်။

သေဆုံးသူသုံးဦး၏ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားရန် SSPPက စီစဥ်နေသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။