Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူနယ်တွင် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များ နှင့်ပူးပေါင်း တိုက်ခိုက်ခဲ့ဟု ကျောက်ပန်းတောင်း(KDF)ထုတ်ပြန်

စစ်ကောင်စီတပ်များသည် ရှားလှကျေးရွာနှင့်ဝန်ကြီး‌ကျေးရွာ၏ အနောက်ဘက်တွင်ရှိသော စစ်ရှောင်ပြည်သူများ၏တဲများနှင့်ပစ္စည်းများ မီးရှို့ခဲ့ကြရာ ပြည်သူ့အိုးအိမ်ပစ္စည်း အဆုံးအရှုံး များကြောင်း ထုတ်ပြန်သည်။

ဆိပ်ဖြူနယ်
ဆိပ်ဖြူနယ်

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကို ဒေသတွင်း ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကျောက်ပန်းတောင်း ကာကွယ်ရေး တပ်(KDF)က သတင်းထုတ်ပြန်သည်။

KDF၊ တပ်ရင်း(၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု(PPC)၊ ရေနံချောင်း PDFတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စစ်ကြောင်းကို ဇူလိုင် ၁၃ရက်က မိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ဆိပ်ဖြူမြို့နယ်၊ရှားလှကျေးရွာအုပ်စု၊ ပိုင်းကျေးရွာ ၊ဝန်ကြီးကျေးရွာ၊ရှားလှကျေးရွာများသို့ အကြမ်းဖက်စ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်း ဖြင့် တစ်ပြိုင်တည်း ဝင်ရောက် လာကြောင်း၊ အဆိုပါ စစ်ကြောင်းနှင့် ပိုင်းကျေးရွာ၊ ဝန်ကြီးကျေးရွာတို့တွင် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

ဝန်ကြီးကျေးရွာတွင် ပူးပေါင်းတပ်ဖွဲ့က နေရာ (၅)နေရာ၌ နင်းမိုင်း၊ ဆွဲမိုင်း မိုင်းအကြီးများ စုစုပေါင်း မိုင်း ၁၃လုံး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၉ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ မျက်မြင်ကင်းထောက် များ၏ ပြောကြားချက်နှင့် ပူးပေါင်းတပ်ဖွဲ့၏ မျက်မြင် အရေအတွက်အရ စစ်ကောင်စီတပ်မှ ၁၉ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့သည်ဟု သိရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ရှားလှကျေးရွာနှင့်ဝန်ကြီး‌ကျေးရွာ၏ အနောက်ဘက်တွင်ရှိသော စစ်ရှောင်ပြည်သူများ၏တဲများနှင့်ပစ္စည်းများ မီးရှို့ခဲ့ကြရာ ပြည်သူ့အိုးအိမ်ပစ္စည်း အဆုံးအရှုံး များကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီအား တော်လှန်ရာတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်ပေးကြပါရန် KDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook